ပေါင်မြို့နယ်တွင် အွန်လိုင်းရောင်းဝယ်မှုဆိုင်ရာ စားသုံးသူအသိပညာပေး ( Talk Show ) ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်တွင် အွန်လိုင်းရောင်းဝယ်မှုဆိုင်ရာ စားသုံးသူအသိပညာပေး ( Talk Show ) ပြုလုပ်


MNP ၊   ဇူလိုင် ၅

မွန်ပြည်နယ်၊ပေါင်မြို့နယ်တွင်  အွန်လိုင်းရောင်းဝယ်မှုဆိုင်ရာ စားသုံးသူ အသိပညာပေး ( Talk Show ) ပြုလုပ် ကျင်းပခြင်းကို ယနေ့နံနက်ပိုင်းက  ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်ဇာစိုး က (Talk Show) ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး  မြို့နယ်စားသုံးသူရေးရာဦးစီးဌာန ဦးစီးအရာရှိ ဦးနေဇင်သက် က စားသုံးသူများအတွက် အသိပညာပေးလုပ်ငန်းများ၊အွန်လိုင်းရောင်းဝယ်မှုအခြေအနေများ၊Onile Shopping နှင့်ပတ်သတ်ပြီး စားသုံးသူများ ဝယ်ယူခြင်းမပြုမီသတိပြုရမည့်အချက်များကို  လည်းကောင်း၊ စားသုံးသူများ အနေဖြင့်ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှုများ သုံးစွဲခြင်းကြောင့်ထိခိုက်နစ်နာမှု တစ်စုံတစ်ရာဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့်နည်းလမ်းများ၊ အွန်လိုင်းစနစ်ရောင်းချသည့်လုပ်ငန်းများကို ထိန်းကျောင်းနိုင်ရန် Online Shopping မှတ်ပုံတင်စနစ် ပြုလုပ်နိုင်ရန် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း ၊ e-commerce guideline နှင့် e-commerce ဥပဒေအမြန်ဆုံးထွက်ရှိနိုင်ဖို့အတွက် မိမိတို့ဌာနမှဆောင်ရွက်လျက်ရှိကြောင်း စသည့်အကြောင်းအရာများကို  ဆွေးနွေးခဲ့ပါသည်။


ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ပြည်သူများအသိပညာများတိုးပွားစေရေးအတွက် ယခုကဲ့သို့ အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ်များရိုက်ကူးထုတ်လွှင့်ခြင်းအပါအဝင် အသိပညာပေးဝန်ဆောင်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပြီး Talk Show အစီအစဉ်များကို ပြည်သူများအကျိုးရှိစေမည့် သတ်မှတ် ခေါင်းစဉ်အလိုက် ရိုက်ကူးထုတ်လွှင့်ခြင်းအား လူထုအခြေပြုဗဟိုဌာနခန်းမ၌ လစဉ်ပုံမှန် ပြုလုပ်လျက်ရှိကြောင်း သိရသည်။


 https://t.me/MyanmarNationalPost





No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)