MNP ၊ ဇူလိုင် ၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့၌ ကျွဲနွားလည်ချောင်းကွဲရောဂါနှင့် ပေါင်ပုပ်၊ လက်ပုပ်ရောဂါမဖြစ်ပွားစေရေး ကာကွယ်ဆေးထိုးနှံခြင်းကို ယမန်နေ့နံနက်(၀၉း၀၀)နာရီ အချိန်တွင်၊ သဲကုန်းကြီးကျေးရွာအုပ်စု၊ လူပုကျေးရွာ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဟိုင်းကြီးကျွန်းမြို့ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ လက်ထောက်ကြီးကြပ်ရေးမှူး ဦးထက်မျိုးဝေမှ ကျွဲ၊ နွားများတွင် ကျရောက်တတ်သော ရောဂါများ၊ ကျွဲ၊ နွားလည်ချောင်းကွဲရောဂါနှင့် ပေါင်ပုပ်၊ လက်ပုပ်ရောဂါလက္ခဏာများအား မည်သို့ကြိုတင်ကာကွယ်ကြရမည့်အချက်များကို ရှင်းလင်းပြောကြားပြီး လူပုကျေးရွာအတွင်းရှိ ကျွဲ၊ နွားများအား လည်ချောင်းကွဲရောဂါနှင့် ပေါင်ပုပ်၊ လက်ပုပ်ရောဂါ ကာကွယ်ဆေးများ အခမဲ့လိုက်လံထိုးနှံပေးခဲ့ကြောင်း သိရသည်။
လှိုင်မျိုးအောင်
https://t.me/MyanmarNationalPost
No comments:
Post a Comment