ရွှေတောင်မြို့နယ်တွင် မျိုးစေ့ချ ကိရိယာ ( Drum Seeder)စနစ် ဖြင့်စိုက်ပျိုးခြင်းကွင်းသရုပ်ပြ စိုက်ပျိုး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ်တွင် မျိုးစေ့ချ ကိရိယာ ( Drum Seeder)စနစ် ဖြင့်စိုက်ပျိုးခြင်းကွင်းသရုပ်ပြ စိုက်ပျိုး





MNP ၊   ဇူလိုင် ၅

ပဲခူးတိုင်းဒေသကြီး ၊ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ကြို့ကုန်းအုပ်စု၊ကွင်းအမှတ် ( ၄၁၇) ကွင်းရှိတောင်သူ ဦးစောလွင်၏ လယ်မြေတွင် ယမန်နေ့ နံနက်ပိုင်းက မျိုးစေ့ချ ကိရိယာ ( Drum Seeder)စနစ် ဖြင့်စိုက်ပျိုးခြင်းကွင်းသရုပ်ပြ စိုက်ပျိုးခြင်း အခမ်းအနားကိုကျင်းပခဲ့သည်။


ရွှေတောင်မြို့နယ်အတွင်း မိုးစပါးလျာထားဧက ( ၅၈၁၆၃) ဧကရှိပြီး တစ်ဧက အထွက်နှုန်းတိုးတက်ရေးအတွက် ကြဲခင်းစနစ်လျော့ချပြီး မျိုးစေ့ချ ကိရိယာ ( Drum Seeder) စနစ်ဖြင့် ရတနာတိုးစပါးမျိုးစိုက်ပျိုး​ခြင်းကိုလက်တွေ့သရုပ်ပြ စိုက်ပျိုး ခဲ့ကြောင်းသိရသည်။


အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးဟံဝင်းအောင်၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် ဦးကျော်လွင်၊မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးအောင်နှင့်ဝန်ထမ်းများ၊ဌာနဆိုင်ရာအကြီးအကဲများ၊ ရွှေတောင်မြို့နယ် စက်မှု၊စိုက်ပျိုးရေးနှင့်မွေးမြူရေးအထက်တန်းကျောင်း မှ ကျောင်းသား ၊ကျောင်းသူများတက်ရောက်ခဲ့ကြပြီး လက်တွေ့စိုက်ပျိုးပြသခဲ့ကြောင်းသိရသည်။


ကိုကိုမင်း 

 https://t.me/MyanmarNationalPost





No comments:

Post a Comment