တပ်မတော်ဦးဆောင်တဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ(နစက) ပေါ်ပေါက်လာပြီးနောက် တိုင်းပြည်မှာ ကမောက်ကမ ဖြစ်ပေါ်နေတဲ့ လုပ်ငန်းကိစ္စအဝဝကို ပြန်လည်တည့်မတ် ဆောင်ရွက်ခဲ့ရပါတယ်။ အာဏာလက်မဲ့ ဖြစ်သွားတဲ့ NLD ပါတီဦးဆောင်သူတွေနဲ့ အပေါင်းအပါ နိုင်ငံရေးလုပ်စားသူတွေအနေနဲ့ နစကအစိုးရ ပေါ်ပေါက်လာချိန်က စလို့ ဆူပူအကြမ်းဖက်မှုမျးမှစ၍ တိုင်းပြည် အလုံးစုံပျက်သုဉ်းရေးကို နည်းမျိုးစုံနဲ့ လုပ်ဆောင်ခဲ့ကြပါတယ်။
အာဏာရပါတီကနေ အကြမ်းဖက်အဖွဲ့ ဖြစ်သွားတဲ့ NLD အုပ်စုရဲ့ နောက်ကွယ်က နိုင်ငံတချို့ရဲ့ ထိုးနှက်တိုက်ခိုက်မှု အကြမ်းဖက်အုပ်စုတွေကို နောက်ကွယ်က ပံ့ပိုပေးနေမှုများကြားမှ အစိုးရတစ်ရပ် လုပ်ဆောင်ရမယ့်ကိစ္စတွေကို နစကအစိုးရအနေနဲ့ အရှိန်အဟုန်မပျက် ဆောင်ရွက်ခဲ့ပါတယ်။ NLD အကြမ်းဖက်အုပ်စုဟာ အင်အားကြီးနိုင်ငံတချို့ရဲ့ ကျောထောက်နောက်ခံ ရထားတဲ့အတွက် အဖျက်စွမ်းအားကြီးတဲ့ အကြမ်းဖက်အုပ်စုဖြစ်လာခဲ့ပါတယ်။ အစိုးရအဆောက်အဦတွေကို ပစ်မှတ်ထားတိုက်ခိုက်တယ်။ စာသင်ကျောင်းတွေကို ဖျက်ဆီးတယ်။ လမ်းတံတားတွေကို ဖျက်ဆီးတယ်။ ဆက်သွယ်ရေးတာဝါတိုင်တွေ၊ လျှပ်စစ်ဓာတ်အားလိုင်းတွေ ပြတ်တောက်အောင် ဖျက်ဆီးတယ်။
NLD အကြမ်းဖက်အုပ်စုရဲ့ ရည်ရွယ်ချက်က ဒီအစိုးရ အုပ်ချုပ်လို့မရအောင် လုပ်တာပဲ ဖြစ်ပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က အလွန်သဘောကောင်းပါတယ်။ NLD အကြမ်းဖက်အုပ်စုကိုလည်း သူတို့ရဲ့ သဘောဆန္ဒအလျှောက် အဖျက်အမှောင့်တွေလုပ်။ သူတို့ဖျက်ဆီးလို့ ပျက်စီးသွားတာတွေကို အချိန်နဲ့တပြေးညီ ပြုပြင်တဲ့ လုပ်ငန်းစဉ်တွေကိုလည်း အရှိန်အဟုတ်မပျက် ပြုပြင်တည်ဆောက်တယ်။ အကြမ်းဖက်သမား (အဖျက်သမား)တွေ ရှိလာတော့ နစကအစိုးရရဲ့ ဆောင်ရွက်ချက်တွေက ပိုပြီး ထင်ရှားပေါ်လွင်လာတယ်။
NLD အကြမ်းဖက်အုပ်စုမှာတော့ စာသင်ကျောင်းတစ်ကျောင်းကို ဗုံးခွဲတိုက်ခိုက်ပြီးရင်ပဲ အာဏာပြန်ရတော့မှာလိုလို၊ တာဝါတိုင်တစ်တိုင် ဖျက်ဆီးပြီးရင်ပဲ အာဏာရတော့မှာလိုလို၊ ရဲစခန်းကို ဝင်စီးပြီး ရလိုက်တယ်ဆိုရင်ပဲ သူတို့ထိန်းချုပ်နိုင်နေပြီလိုလို အောင်ပွဲခံခဲ့ကြတယ်။ တကယ်တော့ သူတို့ရဲ့ ရာဇဝတ်မှုတွေ များပြားလာတာကို သတိမပြုမိဘူး။ တိုင်းပြည်ဘဏ္ဍာတွေ အဟောသိကံ ပျက်စီးဆုံးရှုံးအောင် လုပ်တဲ့ အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်ပြီး အရှက်မဲ့စွာ အောင်ပွဲခံနေကြရတာပဲ ဖြစ်ပါတယ်။
၂၀၁၅ ရွေးကောက်ပွဲကြီးမတိုင်မီက NLD ဦးဆောင်သူ ဒေါ်စု ဟောလိဝုဒ်မင်းသမီး အိန်ဂျလီနာဂျိုလီနဲ့အတူ လှိုင်သာယာဘက်က ကျူးကျော်အိမ်တွေဆီ သွားရောက်ခဲ့တဲ့ ပုံရိပ်တွေကို မြင်ယောင်မိနေတယ်။ ဒေါ်စုရဲ့ လုပ်ကွက်ပေါ့ဗျာ။ ကျူးကျော်တဲလေးပေါ်တက်ပြီး သူကပဲ ပြည်သူနဲ့ တသားတည်း ရှိနေသလိုလို၊ NLD အာဏာရရင်ပဲ ကျူးကျော်နေထိုင်ရတဲ့ ပြည်သူတွေ ချက်ချင်းလက်ငင်း တိုက်ပေါ်ရောက်တော့မှာလိုလို ကျုံးသွင်းတာပေါ့ဗျာ။ တစ်နည်းအားဖြင့် ပြည်သူတွေရဲ့ အားပေးထောက်ခံမှုကို ရဖို့ ဂျင်းထည့်တာပေါ့။ ဂျင်းကြိုက်တဲ့ ပြည်သူတွေကလည်း ယုံကြတာပေါ့။ တွန်းလှည်းနေတဲ့ ဈေးရောင်းနေတဲ့ ဈေးသည်ကလည်း ဒေါ်စုအာဏာရရင်ပဲ သူ့ဘဝကြီး နေ့ချင်းညချင်း ပြောင်းလဲသွားတော့မှာလိုလို မျှော်လင့်ချက်ကြီးတွေ အမြင့်ဆုံးရောက်လာခဲ့တယ်။
၂၀၁၅ ရွေးကောက်ပွဲကြီးရောက်လာတော့ NLD ပါတီက ထမီနားခိုပြီး နိုင်ငံရေးလုပ်စားတဲ့ ပုဂ္ဂိုလ်တွေရဲ့ မက်လုံးပေးစည်းရုံးသိမ်းသွင်းမှုတွေမှာ NLD အာဏာရရင်ပဲ နေ့ချင်းညချင်း တဲထဲကနေ တိုက်ပေါ်တင်ပေးမှာဆိုတဲ့ မစားရ ဝခမန်း မက်လုံပေး ကျုံးသွင်းမှုတွေ ပါလာခဲ့တယ်။ ပြည်သူအများစုဟာလည်း လက်တွေ့ကျတာကို သိပ်မကြိုက်ဘူး။ လေပေါ ဖောရွှေ လုပ်တာကို သဘောခွေ့ကြသူတွေ ဖြစ်လေတော့ NLD အပေါ် အားပေးထောက်ခံမှုတွေ မြင့်တက်လာပြီးတော့ မြင့်တက်လာတယ်။ ၂၀၁၅ ရွေးကောက်ပွဲကြီးမှာ NLD ပါတီကို ပုံအောမဲပေးခဲ့ကြလို့ NLD ဟာ အာဏာရပါတီ ဖြစ်လာတယ်။
NLD အာဏာရပြီး ၁နှစ်၊ ၂နှစ်၊ ၃နှစ် ... သက်တမ်းသာ ကုန်သွားရော တဲထဲက ပြည်သူတွေ တိုက်ပေါ်မရောက်ခဲ့ဘူး။ NLD အစိုးရလက်ထက်မှာ လုပ်ပေးခဲ့တာတစ်ခုတော့ ရှိတယ်။ အဲဒါက အမည်ပေါက်နဲ့ ကျူးပေါ့ဗျာ။ ကျူးကျော်တွေကို စမတ်ကတ် ထုတ်ပေးသတဲ့။ ကျူးကျော် စမတ်ကတ်ဈေးကွက်မှာ ဆယ်ကြီးပိုင်း၊ ရာဂဏန်းဈေးကွက်တစ်ခုတော့ ဂယက်ထသွားခဲ့တယ်ပေါ့ဗျာ။
၂၀၂၀ ရွေးကောက်ပွဲကြီးမှာလည်း ကျူးကျော်တဲတွေမှာ NLD အလံတွေ တလူလူလွှင့်ထူခဲ့ကြတယ်ဗျာ။ နောက်ထပ် NLD ပါတီက ထမီနားခိုပြီး နိုင်ငံရေးလုပ်စားသူတွေရဲ့ ဂျင်းက စမတ်ကတ် ရထားပြီးသူတွေကို တိုက်ခန်းတွေ ချထားပေးတော့မယ်ပေါ့ဗျာ။ နိုင်ငံရေးသမားများဟာ အိတ်ကပ်ထဲက မစိုက်ရဘူး။ နိုင်ငံဘဏ္ဍာနဲ့ပဲ စည်းရုံးသိမ်းသွင်းမှုတွေ လုပ်နိုင်တဲ့ အခွင့်အရေးရှိတယ်ဗျ။ အပြောနဲ့ အလုပ် ထပ်တူကျရင်တော့ ပြည်သူတွေ ယုံကြည်ကိုးစားမိတာ မမှားဘူးလို့ ဆိုရမှာပေါ့ဗျာ။ သူတို့က အပြောသာ ဖြစ်ပြီး လက်တွေ့ကျကျ လုပ်ဆောင်တဲ့ နေရာမှာတော့ ဒေါ်စုကိုယ်တိုင်က အဂတိလိုက်စားပြီး အင်္ဂလန်မှာ ရှိတဲ့ သားဖြစ်သူ သန်းချီတန်တဲ့ နေအိမ်ဝယ်ယူနေထိုင်နိုင်ဖို့ ကြိုးပမ်းဆောင်ရွက်တယ်။ ဒေါ်စုကစပြီး ဖောက်ပြန်ရေးသမား ဖြစ်သွားပြီဆိုမှဖြင့် ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ လွှတ်တော်အမတ်များ အားလုံးဟာ တိုင်းပြည်ဘဏ္ဍာကို ရတဲ့အပေါက်က ဝိုင်းနှိုက်ကြတာပေါ့ဗျာ။
နစကအစိုးရ တက်လာပြီးချိန်မှာတော့ တပ်မတော်အကြီးအကဲတွေဟာ ဒေါ်စုနဲ့နိုင်ငံရေးလုပ်စားသူတစ်စု ပြည်သူတွေကို ဂျင်းထည့်တဲ့ ပုံစံမျိုး ဟန်ရေးပြတာမျိုးတွေ မရှိခဲ့ပါဘူး။ ကျူးကျော်တဲတွေကို ဖျက်ဆီးခဲ့ပါတယ်။ အဲဒီလို ဖျက်ဆီးလိုက်တော့မှ NLD က လူယုတ်မာတွေရဲ့ သရုပ်မှန်ကို ပိုပြီး သိသာထင်ရှားစွာ သိမြင်ခဲ့ရပါတယ်။ ကျူးကျော်တဲတွေမှာ အကြမ်းဖက်လှုပ်ရှားဖို့အတွက် လက်နက်ခဲယမ်းတွေ သိုဝှက်သိမ်းဆည်းထားတာတွေကို ဖမ်းဆီးရမိခဲ့တယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာ မသမာသောနည်းလမ်းနဲ့ မဲလိမ်မဲခိုးပြီး အနိုင်ယူမယ်။ ပြဿနာပေါ်ပေါက်လာခဲ့သော် အကြမ်းဖက်လမ်းစဉ်ကို ဖော်ဆောင်မယ်ဆိုတာ ကြိုတင်ပလန်ချထားတဲ့ သဘောဖြစ်ပါတယ်။ ဒါကတော့ မြန်မာ့သမိုင်းမျာ အဆိုးရွားဆုံး အစွန်းရောက် အကြမ်းဖက် ပြည်ပသြဇာခံပါတီအဖွဲ့အစည်းတစ်ခုရဲ့ သရုပ်မှန် ဖြစ်ပါတယ်။
တပ်မတော်ဦးဆောင်ပြီး နစကအစိုးရဖွဲ့စည်းပြီးချိန်မှာ ပြည်သူလူထုရဲ့ နေ့စဉ်လူမှုစီးပွားဘဝ မှာ လိုအပ်ချက်ဖြစ်ပေါ်နေတာတွေကို တပ်မတော်ဂိုဒေါင်တွေထဲမှာ ရှိတဲ့ စားနပ်ရိက္ခာတွေ ထုတ်ပြီး ဖြည့်ဆည်းပေးခဲ့တယ်။ ကိုဗစ်ကာလ အလုပ်အကိုင် အခက်အခဲကြောင့် စားဝတ်နေရေး ဒုက္ခရောက်နေတဲ့ ပြည်သူတွေကို ဝေငှပေးခဲ့တယ်။ တပ်မတော်ရဲ့ ကူညီပံ့ပိုးမှုတွေမှာ နိုင်ငံရေးအမြတ်ထုတ်တာ မပါဘူး။ နိုင်ငံရေးအမြတ်ထုတ်တဲ့ စကားလည်း မပြောခဲ့ဘူး။ ပြည်သူတွေ ကြုံတွေ့နေရတဲ့ အခက်အခဲကို တစ်ဖက်တစ်လှမ်းက ကူညီဖြေရှင်းပေးခြင်းသဘောမျှသာ ဖြစ်ခဲ့ပါတယ်။ ရိုးရှင်းပါတယ်။
နစကအစိုးရအနေနဲ့ ကျူးကျော်ပြဿနာကို ဖြေရှင်းဖို့လည်း တစ်ဖက်တစ်လမ်းက လုပ်ဆောင်လာတာ ရှိပါတယ်။ အဲဒါကတော့ ပြည်သူ့အငှားအိမ်ယာစီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်လာခြင်းပဲ ဖြစ်ပါတယ်။ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ မော်လမြိုင် တို့လို မြို့ကြီးတွေမှာ ပြည်သူ့အငှားအိမ်ယာ စီမံကိန်းတွေ ဖော်ဆောင်လာခဲ့ပါတယ်။ ဒီစီမံကိန်းတွေကို သက်ဆိုင်ရာဝန်ကြီးဌာနက တာဝန်ခံလုပ်ဆောင်သလို နိုင်ငံတော်ဝန်ကြီးချုပ်ကလည်း အချိန်နဲ့အတပြေးညီ လုပ်ငန်းဖော်ဆောင်ကြဖို့ သွားရောက်စစ်ဆေးခဲ့တာတွေ ရှိပါတယ်။
ပြီးစီးသွားတဲ့ ပြည်သူ့အငှားအိမ်ယာ စီမံကိန်းတွေမှာ ပြည်သူတွေ လျှောက်ထားနိုင်ဖို့ နိုင်ငံပိုင်သတင်းစာတွေကနေ ကြော်ငြာပြီး လျှောက်လွှာခေါ်ယူနေတာတွေ ရှိပါတယ်။ နေပြည်တော်က ပြည်သူ့အငှားအိမ်ယာတွေမှာ နေထိုင်လိုသူတွေ လျှောက်ထားခွင့် ပြုခဲ့ပြီဖြစ်ပါတယ်။ ရန်ကုန်မြို့၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်က ပြည်သူ့အငှားအိမ်ယာ စီမံကိန်းတစ်ခုဖြစ်တဲ့ သုခဒဂုံပြည်သူ့အငှားအိမ်ယာစီမံကိန်းမှာလည်း နေထိုင်လိုသူတွေ လျှောက်ထားနိုင်ပြီလို့ သိရပါတယ်။
ဒီလိုလျှောက်ထားခွင့်ပြုရာမှာလည်း စည်းကမ်းသတ်မှတ်ချက်တွေကို လေ့လာကြည့်တဲ့အခါမှာ မိသားစုဝင်ငွေနည်းပါးပြီး နေရေးအခက်အခဲရှိသူတွေကို ဦးစားပေးချထားမယ့် အစီအစဉ်ဖြစ်တာကို တွေ့ရပါတယ်။ နောက်တစ်ချက်ကတော့ ဥပဒေဘောင်အတွင်းမှာ နေထိုင်ပြီး ပြစ်မှုကင်းရှင်းသူများ ဖြစ်ရပါမယ်ဆိုတဲ့ တစ်ချက်ကိုလည်း တွေ့ရပါတယ်။ ဒါကတော့ ပြည်ပြေး ဝရမ်းပြေး အုပ်စုကို ထောက်ခံအားပေးပြီး အကြမ်းဖက်လှုပ်ရှားမှုတွေမှာ ပါဝင်နေကြသူတွေ လျှောက်ထားရယူဖို့ မဖြစ်နိုင်ပါဘူး။
နှိုင်းယှဉ်သုံးသပ်ကြည့်တဲ့အခါ NLD ပါတီဟာ ပြည်သူတွေကို မက်လုံးပေးပြီး စည်းရုံးသိမ်းသွင်းတယ်။ လက်တွေ့ကျကျ အကောင်အထည်ဖော်ဆောင်ရွက်ပေးတာမျိုးမဟုတ်ဘဲ ပြည်သူတွေကို နိုင်ငံရေးအတွက် အသုံးချဖို့ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်သွားခဲ့တာကို တွေ့ရှိရပါတယ်။ နစကအစိုးရကတော့ ပြည်သူတွေကို မက်လုံးပေးပြီး စည်းရုံးသိမ်းသွင်းတာမျိုး မရှိဘဲနဲ့ တဲထဲက ပြည်သူတွေကို တိုက်ပေါ်တင်ပေးမယ့် အစီအစဉ်တွေကို အကြမ်းဖက်အန္တရာယ်များ အလုံးစုံပျက်သုဉ်းရေးကို လုပ်ဆောင်နေတဲ့ ကာလအတွင်းမှာ အကောင်အထည်ဖော်နိုင်ခဲ့တာဖြစ်တဲ့အတွက် ကျေးဇူးတင် ဂုဏ်ပြုပါကြောင်း ။ ။
နောင်တော်လေး (ဘိုကလေး)
#MyanmarNationalPost
No comments:
Post a Comment