MNP ၊ ဇူလိုင် ၁၈
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် ကျောင်းစာအပြင် ပြင်ပ ဗဟုသုတရှာဖွေရန် စိတ်ဝင်စားသည့် ကလေးသူငယ်များအနေဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဖွင့်လှစ်ထားသည့် ပြည်သူ့စာကြည့်တိုက်သို့ လာရောက်၍ စာပေဖတ်ရှု လေ့လာသူများ တစ်နေ့ထက်တစ်နေ့ ပိုမိုများလာကြောင်း သိရသည်။
ပြည်သူ့စာကြည့်တိုက်တွင် သုတ/ရသစာအုပ်များ၊ ကလေးများအကြိုက် ရုပ်ပြကားတွန်းများ၊ ပုံပြင်စာအုပ်များ၊ အပတ်စဉ်ထုတ်မိုးသောက်ပန်းစာအုပ်များ၊ ရွှေသွေးဂျာနယ်၊ Happy Time၊ တိုင်းရင်း သားရိုးရာ ရုပ်ပုံပြပုံပြင်စာအုပ်များ စသည့်စာအုပ်၊ စာစောင်များအပြင် ကလေးများ အကြိုက်ပြိုင်ပွဲအစီ အစဉ်များ၊ ကလေးများအတွက် ကလေးစာပေဖတ်ရှုခြင်း၊ စာကြည့်တိုက် သည် ဗဟုသုတရှာဖွေရာနေရာ တစ်ခုအဖြစ် ဖွင့်လှစ်ထားရှိသည့်အပြင် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ဟော ပြောပွဲများ၊ ဆွေးနွေးပွဲများ၊ Talk Show များနှင့် သင်တန်းများပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပြည်သူ့စာကြည့်တိုက်အတွင်းရှိ ကလေးစာဖတ်ခန်းကို ကလေးများပျော်ရွှင်စေရန်နှင့် စိတ်အေးချမ်းသာစွာ စာပေများကို ဖတ်ရှုလေ့လာ စေရန်အတွက် သီးသန့်ဆောင်ရွက်ထားပြီး ကလေးများစိတ်ကြိုက် ပုံပြင်ပြောပြခြင်း၊ ဆေးရောင်ခြယ်ခြင်း၊ အရုပ်ဆက်ခြင်း၊ စက္ကူအရုပ်ခေါက်ပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင် ပွဲ စသည့် ကာယ၊ ဉာဏဖွံ့ဖြိုးတိုးတက်စေမည့် ပြိုင်ပွဲများကို လစဉ်ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရသည်။
https://t.me/MyanmarNationalPost


No comments:
Post a Comment