ရမ်းဗြဲမြို့၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်များ ခင်းကျင်းပြသ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရမ်းဗြဲမြို့၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်များ ခင်းကျင်းပြသ






MNP ၊ ဇူလိုင် ၁၈

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ရမ်းဗြဲမြို့၌၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်များ ခင်းကျင်းပြသခြင်းကို ယမန်နေ့ နံနက်(၁၀) နာရီအချိန်က  အမှတ်(၄)ရပ်ကွက်၊ ( အ-မ-က)အောင်စေတီကျောင်း၌ ကျင်းပခဲ့သည်။


ရှေးဦးစွာ မြို့နယ်ပညာရေးဦးစီးဌာန၊ ဦးစီးအရာရှိ  ဦးအောင်ကျော်ထွန်းက အဖွင့်အမှာစကားပြောကြားပြီး၊ လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်တိုးတိုးသန်းက လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးအကြောင်းအရာများကို ရှင်းလင်းပြောကြားခြင်း၊ ဆက်လက်ပြီး  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အောင်တင်ကြည်က လူကုန်ကူးခြင်းအန္တရာယ်မှကင်းဝေစေရန်အတွက်  ဆောင်ရန်/ရှောင်ရန် အချက်များကို   ရှင်းလင်းပြော ကြားခြင်း၊ ဆက်လက်ပြီး အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးသန်းမှ  ဘောလုံးနှင့်ခြင်းလုံးများကို လှူဒါန်းပေးခဲ့ကြောင်း သိရသည်။


ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် သုတ/ရသစာအုပ်များ၊ ဂျာနယ်များ၊ ရုပ်ပြစာအုပ်များ၊ ဝတ္ထုစာအုပ်များ၊ လူကုန်ကူးမှု အသိပညာပေးစာစောင်များကို တက်ရောက်လာကြသည့် ကျောင်းသား/ကျောင်းသူများမှ စိတ်ဝင်တစားကြည့်ရှုခဲ့ကြ ကြောင်း သိရသည်။


အောင်တင်ကြည်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)