MNP ၊ ဇူလိုင် ၁၈
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနရုံးမှ မိုးကြိုးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရန်နှင့် ထိခိုက်ဆုံးရှုံးမှုလျော့နည်းသက်သာ စေရန် ရည်ရွယ်၍ မိုးကြိုးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အများပြည်သူအသိပညာပေး မြေစိုက်ပိုစတာစိုက်ထူခြင်းကို ယနေ့နံနက် (၉)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးမြေစိုက်ပိုစတာတွင် မိုးကြိုးပစ်ခြင်းသည် မိုးကြိုကာလ ဧပြီလနှင့် မေလ၊ မိုးနှောင်းကာလ အောက်တိုဘာလနှင့် နိုဝင်ဘာလများတွင် များသောအားဖြင့် ဖြစ်ပေါ်လေ့ ရှိကြောင်း၊ မိမိတို့ဒေသအနီးတစ်ဝိုက်တွင် မိုးခြိမ်းခြင်းနှင့် လျှပ်စီးလက်ခြင်းတို့ မကြာခဏဖြစ်ပေါ် နေပါက မိုးကြိုးပစ်နိုင်သည့်အန္တရာယ်ရှိနိုင်ကြောင်း၊ လျှပ်စီးလက်ခြင်းမဖြစ်မီ ကြိုတင်ဆောင်ရွက် ရန်များ၊ လျှပ်စီးလက်မှုဖြစ်ပွားစဉ် အိမ်အတွင်းရှိနေလျှင် ဆောင်ရွက်ရန်များ၊ လျှပ်စီးလက်ခြင်း ဖြစ်ပွားစဉ် အိမ်အပြင်တွင်ရှိနေလျှင် ဆောင်ရွက်ရန်များ၊ လျှပ်စီးလက်ခြင်း ဖြစ်ပွားပြီးနောက် လိုက်နာဆောင်ရွက်ရန်များ စသည့်အကြောင်းအရာများပါဝင်ပြီး အများပြည်သူကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး လူစည်ကားသည့်နေရာဖြစ်သည့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့တွင် စိုက်ထူပြသထားရှိကြောင်း ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန နမ္မတူမြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူး ဦးသိန်းဟန်ထံက သိရသည်။
လူမော်
https://t.me/MyanmarNationalPost
No comments:
Post a Comment