တိုင်းဒေသကြီးဝန်ကြီးချုပ် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် ၂၀၂၃ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲသို့ တက်ရောက်၍ ပျိုးပင်များစိုက်ပျိုး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တိုင်းဒေသကြီးဝန်ကြီးချုပ် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် ၂၀၂၃ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲသို့ တက်ရောက်၍ ပျိုးပင်များစိုက်ပျိုး





MNP ၊ ဇူလိုင် ၄

မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် ၂၀၂၃ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားအား ယနေ့နက်ပိုင်းက ပုသိမ်မြို့၊ ကွန်ပျူတာတက္ကသိုလ်ဝန်းအတွင်း၌ ပြုလုပ်ခဲ့ရာ သစ်ပင်စိုက်ပျိုးပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ဇနီး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးနှင့် ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။


၂၀၂၃ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က ယ‌ခုအခမ်းအခမ်းအနားသည်  ဇူလိုင်(၃)ရက်နေ့ ယနေ့တွင်ကျရောက်သည့် ၂၀၂၃ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် ကျင်းပပြုလုပ်သည့် သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားဖြစ်ပြီး သစ်တောပြုစုထိန်းသိမ်းရေးလုပ်ငန်းများတွင် အမျိုးသမီးများသည် ပြည်သူတစ်ရပ်လုံးနှင့်အတူ တက်ကြွစွာ ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိပါကြောင်း၊  ယနေ့မျက်မှောက်ခေတ်မှာ ရာသီဥတုဖောက်ပြန်ခြင်း၊ မိုးခေါင်ခြင်း၊ ရေကြီးခြင်း၊ မုန်တိုင်းများကျရောက်ခြင်း၊ တောမီးလောင်ကျွမ်းခြင်း၊ မြေပြိုခြင်းစသည့် မမျှော်မှန်းနိုင်သည့်  သဘာဝဘေးအန္တရာယ်များ ရင်ဆိုင် နေကြရပါကြောင်း၊ ထို့ကြောင့် သစ်တောများအပါအဝင် သဘာဝသယံဇာတများကို ထိန်းသိမ်းစောင့်ရှောက်ကာ ရေရှည်တည်တံ့စေခြင်းအားဖြင့် အန္တရာယ်တွေကို ကာကွယ်နိုင်ရုံသာမက နောင်အနာဂတ် နောင်လာနောက်သားများအတွက် အမွေအနှစ်ကောင်းများ ချန်ရစ်ထားပေးနိုင်မှာ ဖြစ်ပါကြောင်း၊ ဒီရေတောများ၊ လေကာပင်များ စိုက်ပျိုးထားရှိခြင်းဖြင့် မုန်တိုင်းအန္တရာယ် ကာကွယ်နိုင်မှာ ဖြစ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးတွင်လည်း သစ်တောပြုန်းတီးမှုနည်းပါးစေရေနှင့် သစ်တောဖုံးလွှမ်းမှု ဧရိယာများပြားစေရေးအတွက် နှစ်စဉ်သစ်တောစိုက်ပျိုးခြင်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဒေသခံပြည်သူများအနေဖြင့် တစ်ဦးချင်း၊ ကျေးရွာတစ်ရွာချင်း၊ တိုင်းဒေသကြီးတစ်ခုလုံးအနေဖြင့်ပါ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရေးအတွက် တက်ညီလက်ညီနှင့် စိတ်ပါဝင်စားစွာဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်ကြဖို့ ပြောကြားလိုပါကြောင်း၊ ထို့အပြင် စိုက်ပျိုးပြီးစီးရုံနှင့် မလုံလောက်ဘဲ ရှင်သန်ကြီးထွားအောင်၊ တစ်ပင်စိုက်တစ်ပင်ရှင်အောင် ပြည်သူအားလုံးက ပူးပေါင်းပါဝင် ဆောင်ရွက်ကြဖို့ မှာကြားလိုပါကြောင်း၊ “သစ်တောနှင့်သစ်ပင် ချစ်ခင်သည့်လူမျိုး သစ်ပင်ကိုနှစ်စဉ်စိုက် ရွှေတိုက်ကိုစိုး" ဆိုသကဲ့သို့ သစ်ပင်စိုက်ပျိုးခြင်း၊ ထင်းအစားထိုး လောင်စာတောင့်များ သုံးစွဲခြင်းဖြင့် သစ်တောပြုန်းတီးမှု ကာကွယ်ပေးနိုင်ခြင်း၊ ငွေကြေးအားဖြင့် တန်ဖိုးဖြတ်မရနိုင်ခြင်း၊ "ကုသိုလ်လည်းရ ပြည်လည်းလှ၊ သစ်ပင်စိုက်ပျိုး ထိန်းသိမ်းကြ"၊ "ဥတုရာသီ တောကိုမှီ၏”၊  “သက်ရှိလောကတည်မြဲဖို့ သစ်ပင်စိုက်ပျိုး ထိန်းသိမ်းစို့" ဆိုသည့် သစ်တောသစ်ပင်များ၏ အကျိုးကျေးဇူးကို ဖော်ညွှန်းထားသည့် ဆောင်ပုဒ်များအတိုင်း သစ်တောသစ်ပင်များ၊ သစ်တောဂေဟစနစ်များ စဉ်ဆက်မပြတ် တည်တံ့စေရေးကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ်  ပြည်သူတစ်ရပ်လုံး တက်ကြွစွာ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြပါစို့လို့ တိုက်တွန်းလိုပါကြောင်း" အမှာစကားကြေားသည်။


ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဆောင်၍  တာဝန်ရှိသူများသည် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် နွယ်သာဂီ၊ ကျွန်း၊ ပျဉ်းကတိုး၊ ခရေ၊ မဟော်ဂနီ၊ ပိတောက်၊ ကဗွီး၊ ကံ့ကော်အစရှိသည့် သစ်ပင်(၁၁)မျိုးမှ ပျိုးပင်ပေါင်း (၈၁၀)အား စုပေါင်းစိုက်ပျိုးခဲ့ကြပြီးနောက် ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များက စုပေါင်း သစ်ပင်စိုက်ပျိုးနေမှုများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။


လှမင်းထွဋ်

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)