MNP ၊ ဇူလိုင် ၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက်(၁၀)နာရီအချိန်က ကျောင်း သား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ကွင်းဆင်းထိုးနှံပေးလျက်ရှိသည်။
ယင်းသို့ ထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဝန်ထမ်းများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ (KG)ကျောင်းသား/သူများအား (Sinopharm)အမျိုးအစား ကာကွယ်ဆေးကို ပထမအကြိမ် ထိုးနှံပေးခြင်း၊ အသက် (၁၂)နှစ်နှင့် (၁၈)နှစ်အကြား ကျောင်းသား၊ကျောင်းသူများအား (Sinopharm)အမျိုးအစား ကာကွယ်ဆေး Booster စတုတ္ထအကြိမ်ထိုးနှံပေးခြင်းတို့ကို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
သန်းလူ
https://t.me/MyanmarNationalPost
No comments:
Post a Comment