ပုဏ္ဏားကျွန်းမြို့နယ်တွင် စီမံအုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်၍ ပြန်လည်ထူထောင်ရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုဏ္ဏားကျွန်းမြို့နယ်တွင် စီမံအုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်၍ ပြန်လည်ထူထောင်ရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်







MNP ၊ ဇူလိုင် ၂၇      

   ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်၍ ဌာနဆိုင်ရာများပါဝင်သည့်ပူးပေါင်းအဖွဲ့ သည် ယနေ့၊ နံနက်ပိုင်းက  ဆိုင်ကလုန်းမုန် တိုင်း(မိုခါ) တိုက်ခတ်ပြီးနောက်ပိုင်းတွင် ပြန်လည်ထူထောင်ရေးနှင့်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ဆောင်ရွက်ပေးနိုင်ရေးအတွက် ဒိုးတန်းကျေးရွာ အုပ်စုသို့ ကွင်းဆင်း၍  ကျေးရွာသူ၊ ကျေးရွာသားများနှင့်တွေ့ဆုံ ခဲ့ကြသည်။


 ရှေးဦးစွာ အဆိုပါပူးပေါင်းအဖွဲ့သည်  ဒိုးတန်းဟောင်းကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ဒေသခံကျေးရွာသားများနှင့်တွေ့ဆုံ၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်စံဝင်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ ဝင်(၂)ဦးဦးကျော်နုတို့က ပုဏ္ဏားကျွန်းမြို့ နယ်အတွင်း ဆိုင်ကလုန်းမုန်တိုင်း (မိုခါ) ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုတို့အား ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှု၊ ကူညီကယ်ဆယ်ရေး ပစ္စည်းများဖြန့်ဖြူးပေးနေမှု၊ မုန်တိုင်းဘေးဒဏ်ခံရသည့် ကျေးရွာ အုပ်စုများကို  နိုင်ငံတော်အစိုးရက ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးနေမှုနှင့် ပြန်လည် ထူထောင်ရေးအတွက် ထောက်ပံ့ ပစ္စည်းများကို ပြည်သူများ လက်ခံရရှိခြင်းရှိ/မရှိနှင့်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် မြေပြင်ကွင်းဆင်းဆောင်ရွက်ခြင်းဖြစ်ပါကြောင်း ရှင်းလင်းပြောကြားခဲ့ကြသည်။


   ထိုနောက် ဌာနဆိုင်ရာများက မိမိတို့ ဌာန၏လုပ်ငန်းစဉ်များအား ချပြဆွေးနွေးပြောကြားပြီး၊ ကျေးရွာသူ၊ ကျေးရွာ သားများက ဒေသဖွံ့ဖြိုးတိုးတက်ရေး အတွက် လိုအပ်ချက်များကို ရှင်းလင်း တင်ပြခဲ့ကြရာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမောင်စံဝင်းက ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။


အဆိုပါဆွေးနွေးပွဲသို့ ဒေသခံပြည်သူ ၁၅၇ ဦးတက်ရောက်ခဲ့ကြပြီး၊ သွားတိုက်ဆေး၊ သွားပွတ်တံနှင့်ရွှေဝါဆပ်ပြာတောင့်များနှင့် KG တန်းမှ Grade-3 တန်းအထိ၊ ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းဝတ်စုံများထောက်ပံပေးခဲ့ကြောင်း

သိရသည်။


နီထွန်းအောင်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)