MNP ၊ ဇူလိုင် ၂၇
မွန်ပြည်နယ်၊ပေါင်မြို့နယ်စပါးခေါင်နှံယူစိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲပြုလုပ်ကျင်းပခြင်းကို ယနေ့နံနက်ပိုင်းက ဖြူဘကျေးရွာ တောင်သူဦးအုန်းလှိုင်၏ လယ်မြေ ကွင်းအမှတ် ( ၇၇၂ )ဦးပိုင် (၂၉/၁) ၌ပြုလုပ်ခဲ့ကြသည်။
အခမ်းအနားတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်စွာလှိုင် က တောင်သူများအနေဖြင့် ကိုယ့်မျိုးကိုယ်ထား ခေါင်နှံမျိုးပွားစိုက်ပျိုးခြင်းအားဖြင့် မျိုးသန့်စပါးသုံးစွဲမှုများပြားလာခြင်း၊မျိုးစေ့ဝယ်ယူမှုကုန်ကျစရိတ်သက်သာခြင်း၊မျိုးကောင်းမျိုးသန့်စိုက်ပျိုးခြင်းဖြင့် အထွက်နှုန်းတိုးတက်မြင့်မားခြင်း အကျိုးကျေးဇူးများရရှိနိုင်ကြောင်း ဆွေးနွေးပြောကြားခဲ့ရာတောင်သူများက သိလိုသည့်အကြောင်းအရာများကို အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ကြသည်။
ထို့နောက် တောင်သူများအား မြို့နယ်စိုက်ပျိုးရေးဝန်ထမ်းများ က စပါးခေါင်နှံယူစိုက်ပျိုးခြင်းနှင့်ပတ်သက်၍လိုအပ်သည့်နည်းပညာများကို မျှဝေပေးခဲ့ရာ စုစုပေါင်းတောင်သူ ( ၂၀ )ဦးကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်း(၁၃)ဦးက အသေးစိတ် သင်ကြားပြသပေးလျက်ရှိ ကြောင်းသိရသည်။
https://t.me/MyanmarNationalPost





No comments:
Post a Comment