တောင်ငူတက္ကသိုလ်၌ ဇီဝဆိုင်ရာ အချက်အလက်များ ကောက်ယူမှုဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ငူတက္ကသိုလ်၌ ဇီဝဆိုင်ရာ အချက်အလက်များ ကောက်ယူမှုဆောင်ရွက်


MNP ၊   ဇူလိုင် ၇

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနရုံးမှ ကြီးကြပ်၍ မြို့နယ်ဦးစီးမှူး ဦးဝင်းသန်းနှင့် ဝန်ထမ်းများက ဇီဝဆိုင်ရာအချက်အလက် (Biometric Data) ကောက်ယူခြင်းလုပ်ငန်းများကို ယမန်နေ့ နံနက် (၉) နာရီအချိန်တွင် တောင်ငူတက္ကသိုလ်၌ ဆောင်ရွက်ခဲ့သည်။


ထိုသို့ဆောင်ရွက်ရာသို့ တောင်ငူခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနရုံး  ခရိုင်ဦးစီးမှူး ဒေါ်ခင်သန်းဝင်း၊ တောင်ငူတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာမြတ်ညွန့်တို့က ကြည့်ရှုစစ်ဆေးခဲ့ကာ လိုအပ်သည်များ ဆောင်ရွက်ပေးခဲ့ပြီး ယနေ့တွင် တောင်ငူတက္ကသိုလ်၌ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ဆရာ၊ ဆရာမများ၊ စီမံရေးရာအရာထမ်းနှင့် အမှုထမ်းများအား ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment