ဘီးလင်းမြို့နယ် ဇုတ်သုတ်ကျေးရွာ၌ မိုးစပါးစိုက် တောင်သူများအား မျိုးစပါးနှင့် ဓာတ်မြေသြဇာများ ထောက်ပံ့ပေးအပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဘီးလင်းမြို့နယ် ဇုတ်သုတ်ကျေးရွာ၌ မိုးစပါးစိုက် တောင်သူများအား မျိုးစပါးနှင့် ဓာတ်မြေသြဇာများ ထောက်ပံ့ပေးအပ်


MNP ၊   ဇူလိုင် ၇

 မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနသည် တောင်သူလယ်သမားများ၏ တစ်ဦးချင်းဝင်ငွေ တိုးတက်ရေး၊ လူမှုစီးပွားဘဝ တိုးတက်လာစေရန်နှင့် လယ်သမားကဏ္ဍ ဖွံဖြိုးတိုးတက်လာစေရန်အတွက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် မိုးစပါးစိုက်တောင်သူများအား မျိုးစပါးနှင့် ဓာတ်မြေသြဇာများ ထောက်ပံ့ပေးအပ် ခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဇုတ်သုတ်ကျေးရွာရှိ နည်းပညာ ပြန့်ပွားရေစင်တာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အဆိုပါ မျိုးစပါးနှင့် ဓာတ်မြေသြဇာများ ထောက်ပံ့ပေးရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ခံ ဒုတိယဦးစီးမှူး ဒေါ်ခင်သန်းအေးက ဘက်စုံအဆင့်မြင့် နည်းပညာသုံး စံပြကျေးရွာ ဇွဲကလာကွင်း၌ RS to CS မျိုးစေ့ထုတ် လုပ်ငန်းဆောင်ရွက်သည့် မိုးစပါးစိုက်တောင်သူ ၂၇ ဦး၏ဧက ၃၀၈ ဧကအတွက် မျိုးစပါး ၃၀၈ တင်းနှင့် တောင်သူ ၁၂ ဦး အတွက် ဓာတ်မြေသြဇာ အိတ် ၅၀ တို့ကို ပေးအပ်ခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)