စစ်ကိုင်းမြို့နှင့် အရာတော်မြို့နယ်တို့တွင် ပြည်ပြေး ဝရမ်းပြေး NUG(NLD) အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ PDF အကြမ်းဖက်သမားများ ကို အသေဖမ်းဆီးရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းမြို့နှင့် အရာတော်မြို့နယ်တို့တွင် ပြည်ပြေး ဝရမ်းပြေး NUG(NLD) အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ PDF အကြမ်းဖက်သမားများ ကို အသေဖမ်းဆီးရမိ



MNP ၊ ဇူလိုင် ၇

 မနေ့က နေ့လည် ၂  နာရီခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ် မန်ကျီးကန်ကျေးရွာ အနီးတွင် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေသော လုံခြုံရေးအဖွဲ့ဝင်များနှင့် အဖျက်အမှောင့်လုပ်ငန်းများ ပြုလုပ်နေသည့်  ပြည်ပြေး ဝရမ်းပြေး NUG(NLD) အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ PDF အကြမ်းဖက်သမားများနှင့် ထိတွေ့မှု ဖြစ်ပေါ်ခဲ့ပြီး အသေ ၃လောင်း ရရှိခဲ့ကြောင်း သိရသည်။

ထိတွေ့မှုဖြစ်စဉ်အတွင်း ပဒက်ကင်  ၃ ကင်၊ လက်လုပ်သေနတ် ၄ လက်၊ လက်လုပ်စိန်ပြောင်း ၄ လက်၊ လက်လုပ် ၄၀ မမ သေနတ် ၁ လက်၊ အမ် ၂၂ ကျည် ၄၆ တောင့်၊ ၅.၅၆ မမကျည် ၁၀၃ တောင့်၊ လက်လုပ်စိန်ပြောင်းဗုံးသီး ၂၇ လုံး၊  လက်လုပ် ၄၀ မမဗုံးသီး ၁၂ လုံးတို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရ ပါသည်။ 


ထို့အတူ ယမန်နေ့ နေ့လည် ၃  နာရီခွဲခန့်တွင် အရာတော်မြို့နယ် ငွေတွင်းရွာအနီးတွင် လုံခြုံရေးအဖွဲ့ဝင်များမှ နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးအတွက် နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေစဉ် ဒေသခံပြည်သူများ ထိခိုက်သေကြေစေရန် ရည်ရွယ်ချက်ရှိရှိ မိုင်းထောင်နေသည့် ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာ NUG(NLD) အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ PDF ၁ကောင်အား တွေ့ရှိရသဖြင့် လုံခြုံရေး အဖွဲ့များမှတွေ့ရှိပြီး အသေပစ်ခတ် ဖမ်းဆီးခဲ့ရကြောင်း သိရသည်။

အသေဖမ်းဆီးရမိ PDF အကြမ်းဖက်သမားထံမှ လက်လုပ်မိုင်း ၅ လုံး၊ စကားပြောစက် ၁ လုံး၊ ဝါယာကြိုး ၁ ခွေ၊ ဆိုင်ကယ်ဘတ္ထရီ ၁ လုံးတို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရပါသည်။ 


(မှတ်ချက် - ထိုကဲ့သို့ ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာ NUG(NLD) အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ အကြမ်းဖက်သမားများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက နှိမ်နင်းလျှင် ပြည်ဖျက်မီဒီယာများဖြစ်သည့် BBC, VOA, RFA, DVB, Mizzima, The Irrawaddy, Khit Thit Media, Myanmar Now အစရှိသော ခွေးဝဲစားများက ပြည်သူကို သတ်ဖြတ်နေသယောင် လုပ်ကြံဖန်တီး ရေးသားဖော်ပြကြသည်။)

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)