MNP ၊ ဇူလိုင် ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့၊ သံကြိုးတိုင်ရပ်ကွက်၊ မြို့ပါတ်လမ်းရှိ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးသို့ သမဝါယမနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့်အဖွဲ့သည် နံနက် ၁၁ နာရီခွဲအချိန်ရောက်ရှိလာပြီး မြို့နယ်ဦးစီးမှူး ဒေါ်မေမျိုးသန့်နှင့်တာဝန်ရှိသူများအားတွေ့ဆုံခဲ့ကြောင်း သိရသည်။
ဆက်လက်၍ မွန်းလွဲ ၁ နာရီခွဲအချိန်တွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကြခတ်ကုန်းကျေးရွာရှိ “Kubota Co.,Ltd” အင်ဂျင်စက်အရောင်းပြခန်းသို့ရောက်ရှိပြီး ဒေသခံပြည်သူများနှင့်တွေ့ဆုံပွဲအခမ်းအနားပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးစွမ်းထက်နှင့်အဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးဇော်သန်း၊ မြို့နယ်သမဝါယမဦးစီးမှူး ဒေါ်အေးအေးသက်၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးမှူး ဒေါ်မေမျိုးသန့်၊ မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးတိုးတက်ရေးဦးစီးမှူး ဒေါ်အေးအေးခိုင်နှင့်တာဝန်ရှိသူများ၊ ဒေသခံပြည်သူများ၊ စုစုပေါင်းအင်အား(၁၀၀)ဦးခန့်တက်ရောက်ခဲ့ကြောင်း၊ တွေ့ဆုံပွဲတွင် ဒုတိယဝန်ကြီးက သမဝါယမနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနလက်အောက်ရှိ သမဝါယမဦးစီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ အသေးစားစက်မှုလက်မှုဦးစီးဌာနတို့အနေဖြင့် ပြည်သူများ၏အကျိုးစီးပွားအတွက် ရှေ့ရှုဆောင်ရွက်လျက်ရှိသော လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခြင်း၊ ဧရာဝတီတိုင်းဒေသကြီးသမဝါယမဦးစီးမှူး ဦးဌေးမြင့်အောင်က တိုင်းဒေသကြီးအတွင်း သမဝါယမကဏ္ဍမှ မိုးစပါးစိုက်ပျိုးထားရှိမှုအခြေအနေနှင့် မြို့နယ်သမဝါယမဦးစီးမှူး ဒေါ်အေးအေးသက်က မြို့နယ်အတွင်း ကန်ထရိုက်လယ်ယာလုပ်ငန်း “Contract Farming” အကျိုးတူလယ်ယာစနစ်အရ ကျေးရွာအလိုက်ဖွဲ့စည်းထားသည့်သမဝါယမအသင်းသား တောင်သူ(၁၀၀)ဦး၏ မိုးစပါး(၁၀၀၀)ဧကအတွက် သွင်းအားစုများဖြစ်သည့် ပုလဲဓာတ်မြေဩဇာ(၁၀၀၀)အိတ်နှင့် ကွန်ပေါင်းဓာတ်မြေဩဇာ (၁၀၀၀)အိတ်၊ စုစုပေါင်းတန်ဖိုးငွေကျပ်သိန်း(၂၀၀၀)အား နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ပံ့ပိုးဆောင်ရွက်ထားမှုအခြေအနေများအား ရှင်းလင်းတင်ပြခြင်းနှင့် ဒုတိယဝန်ကြီးက နိဂုံးချုပ်လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ဟိန်းထက်လင်း
https://t.me/MyanmarNationalPost

No comments:
Post a Comment