ကျိုက်ထိုမြို့နယ်တွင်ဘုန်းကြီးကျောင်းများ၏ ပရဝုဏ်အတွင်းစုပေါင်းသန့်ရှင်းရေးလုပ်အားဒါနဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်ထိုမြို့နယ်တွင်ဘုန်းကြီးကျောင်းများ၏ ပရဝုဏ်အတွင်းစုပေါင်းသန့်ရှင်းရေးလုပ်အားဒါနဆောင်ရွက်






MNP ၊ ဇူလိုင် ၂၇      

  မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ်အတွင်းရှိဘုန်းကြီးကျောင်းများ၏ပရဝုဏ်အတွင်းသန့်ရှင်းသာယာလှပရေးနှင့် ခြင်အန္တရာယ်ကင်းရှင်းရေးအတွက် စုပေါင်းသန့်ရှင်းရေးလုပ်အားဒါနဆောင်ရွက်ခြင်းကိုယနေ့နံနက်ပိုင်းကမြို့နယ်အတွင်းရှိဘုန်းကြီးကျောင်းများ၌ ဆောင်ရွက်ခဲ့ကြသည်။


      ထိုသို့ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးမျိုးမင်းစိုးနှင့်အဖွဲ့ဝင်များမှဦးဆောင်၍မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ၊လူမှုရေးအသင်းအဖွဲ့များ၊ရပ်ရွာပြည်သူများမှ ကံ့ကော်ရပ်ကွက်ရှိဘုန်းကြီး ကျောင်း (၇)ကျောင်း၊တောင်သူစုရပ်ကွက်ရှိဘုန်းကြီး ကျောင်း(၃)ကျောင်း၊မြောက်ပိုင်းရပ်ကွက်ရှိဘုန်းကြီးကျောင်း(၆)ကျောင်း၊ဇေယျာမွန်ရပ်ကွက်ရှိဘုန်းကြီးကျောင်း(၂)ကျောင်း၊ကော့စံနိုင်ရပ်ကွက်ရှိဘုန်းကြီးကျောင်း(၃)ကျောင်း စုစုပေါင်းဘုန်းကြီးကျောင်း(၂၁)ကျောင်းရှိပရဝုဏ်များအတွင်းအမှိုက်များ၊မြက်ပင်များ၊ခြုံနွယ်များ၊သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းတို့ကိုစုပေါင်းလုပ်အားဒါနပြုခဲ့ကြသည်။


      ဆက်လက်ပြီးကျန်ရှိသည့်ဘုန်းကြီး ကျောင်းများကိုလည်းလုပ်အားဒါနဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး မြို့နယ်အတွင်းရှိဘုန်းကြီးကျောင်း(၈၅)ကျောင်းတွင်ဝါဆိုဝါကပ်တော်မူမည့်ရဟန်းသံဃာများ၊သာမဏေများ၊သီလရှင်များ စုစုပေါင်း (၁၁၆၈)ပါးအတွက် ဝါဆိုသင်္ကန်းများကိုလည်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးမျိုးမင်းစိုးနှင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊အလှူရှင်များမှဝါဆိုလပြည့်နေ့ မတိုင်မီဆက်ကပ်လှူဒါန်းသွားမည်ဖြစ်ကြောင်းသိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)