ရွှေတောင်မြို့နယ် လောကသရဖူစေတီတော်မြတ်ကြီး ထီးတော်တင်မင်္ဂလာကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ် လောကသရဖူစေတီတော်မြတ်ကြီး ထီးတော်တင်မင်္ဂလာကျင်းပ



MNP ၊ ဇူလိုင် ၂၉     

ပဲခူး တိုင်းဒေသကြီး ၊ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ဆည်ကြီးကုန်းကျေးရွာအုပ်စု၊ ညောင်ဝိုင်းကျေးရွာရှိ လောကသရဖူစေတီတော်မြတ်ကြီးတွင် ယနေ့နံနက်ပိုင်းက ထီးတော်တင်မင်္ဂလာအခမ်းအနားကျင်းပခဲ့သည်။


အဆိုပါ အခမ်းအနားသို့ မြို့နယ်သံဃနာယက ဆရာတော်ကြီးများ၊ဒကစ(ပြည်)မှ ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် အောင်နိုင်ဦး ၊ တပ်မ( ၆၆) မှတပ်မမှူး ဗိုလ်မှူးချုပ် ဝင်းသူလင်း၊ အမတ(၅၀၉) မှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး မင်းနိုင်စိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဟံဝင်းအောင်၊ရွှေတောင်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးနိုင်စိုး၊ မြို့နယ်လဝကဦးစီးမှူးဦးသန်းထူး၊နယ်မြေလုံခြုံရေးအဖွဲ့ဝင်များ၊ မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ရပ် / ကျေးအုပ်ချုပ်ရေးမှူးများ၊နှင့်ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြပြီး မြို့နယ်သံဃနာယက ဆရာတော်ကြီးများထံမှ ငါးပါးသီလတရားနာယူဆောက်တည်ခြင်းနှင့် ထီးတော်အား ပင့်ဆောင်၍ စေတီတော်မြတ်ကြီးအား လက်ယာရစ်( ၃) ကြိမ် ရစ်ပတ်လှည့်လည်ပူဇော်ခြင်း၊ အမွှေးနံသာများ ပက်ဖြန်း၍ ထီးတော်တင် မင်္ဂလာ အခမ်းအနားကို ရေစက်သွန်းချအမျှပေးဝေခဲ့ကြကြောင်းသိရသည်။


ကိုကိုမင်း 

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)