MNP ၊ ဇူလိုင် ၂၉
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့ နယ်၌ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများမှဈေးရပ်ကွက်ရှိ ဝဏ္ဏိတာရာမ ကျောင်း တိုက် ပုရဝုဏ်အတွင်း၌ယနေ့ နံနက်ပိုင်းက ခရိုင်/မြို့ နယ်အဆင့်ဌာနဆိုင်ရာများနှင့်ဝန်ထမ်းများအားလုံးကစုပေါင်း ၍ ကုသိုလ်ယူသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြသည်။
အမ်းမြို့နယ်အတွင်း သန့်ရှင်းသာယာလှပရေးအတွက် ခရိုင်/မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးအောင်ဇော်ထက်နင့်အဖွဲ့ဝင်များ၊မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးစိုးမင်းထက်နှင့်
အဖွဲ့အဖွဲ့ဝင်များ ခရိုင်/ မြို့နယ်အဆင့်တာဝန်ရှိသူများနှင့် ဝန်ထမ်းများအား လုံး မင်းကျောင်း ကျောင်းတိုက်ပုရဝုဏ်အတွင်းပြင်ရှိခြုံနွယ်ပေါင်းမြက်များကို ခုတ်ထွင်ရှင်း လင်းခြင်း၊ အမှိုက်ကောက်ခြင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့ပြီး အမ်းမြို့နယ်အတွင်း သန့်ရှင်းသာယာလှပရေးအတွက်စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
ဆက်လက်ပြီး အမ်းမြို့နယ်အတွင်းရှိတပ်တောင်မြို့နှင့်ရပ်ကွက်ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများနှင့်ပြည်သူ များကအမ်းမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာဘုန်းတော်ကြီးကျောင်း များတွင် လည်းစုပေါင်းဆောင်ရွက်လျက်ရှိကြောင်းသိရှိရသည်။
https://t.me/MyanmarNationalPost





No comments:
Post a Comment