တောင်ကုတ်မြို့နယ်၌ ကျောင်းသား၊ကျောင်းသူ များအသိပညာဗဟုသုတတိုးပွားရေးအတွက်နယ်လှည့်စာကြည့်တိုက်နှင့်နံရံကပ်စာစောင်ပြပွဲဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ကုတ်မြို့နယ်၌ ကျောင်းသား၊ကျောင်းသူ များအသိပညာဗဟုသုတတိုးပွားရေးအတွက်နယ်လှည့်စာကြည့်တိုက်နှင့်နံရံကပ်စာစောင်ပြပွဲဆောင်ရွက်






MNP ၊ ဇူလိုင် ၁၁

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ တောင်ကုတ်မြို့နယ်ရုံး ဝန်ထမ်းများက ကျောင်းသား ၊ ကျောင်းသူများအသိပညာဗဟုသုတတိုးပွားရေးအတွက် နယ်လှည့်စာကြည့်တိုက်နှင့်နံရံကပ်စာစောင်ပြပွဲ ကို ယနေ့နံနက်(၁၁)နာရီအချိန်က ဝက်ကျိတ်ကျေးရွာ ရှိ အခြေခံပညာမူလတန်း(မူလွန်)ကျောင်း၌ ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။


ထိုသို့နယ်လှည့်စာကြည့်တိုက်နှင့်နံရံကပ်စာစောင်ပြပွဲဆောင်ရွက်ရာတွင် ဝက်ကျိတ်ကျေးရွာ အခြေခံ ပညာ မူလတန်း(မူလွန်)ကျောင်းရှိ ကျောင်းသား ၊ ကျောင်းသူများ စာပေဖတ်ရှုတတ်သည့်အလေ့အကျင့်များ ရရှိစေရန်နှင့်အနာဂတ်တွင် တိုင်းပြည်အတွက် အားထားရသည့် သားကောင်းရတနာများဖြစ်လာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူုး ဒေါ်သန်းနု နှင့်ဝန်ထမ်း များက ယဉ်ကျေးလိမ္မာပုံပြင်စာအုပ်များဖတ်ရှုစေခြင်း ၊ပုံပြင်များပြောပြခြင်းများကိုဆောင်ရွက်ခဲ့ကြပြီး ကျောင်းသား၊ ‌ကျောင်းသူများက ပြသထားသည့်နံရံကပ်စာစောင်ကိုစိတ်ဝင်စားစွာကြည့်ရှုကြသည်။ 


ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန သည် လူငယ်များအသိပညာဗဟုသုတတိုးပွားရေး အတွက် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲများနှင့် နံရံကပ်ပြပွဲများခင်းကျင်းပြသခြင်းများ အပြင် လူငယ်စကားဝိုင်း များကိုလည်းကျင်းပလျက်ရှိကြောင်းသိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)