လားရှိုးမြို့နယ် မန်ပျဉ်ကျေးရွာအုပ်စုအတွင်း သောက်သုံးရေ ဖူလုံစွာ ရရှိနိုင်ရေး ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လားရှိုးမြို့နယ် မန်ပျဉ်ကျေးရွာအုပ်စုအတွင်း သောက်သုံးရေ ဖူလုံစွာ ရရှိနိုင်ရေး ကွင်းဆင်းဆောင်ရွက်





MNP ၊ ဇူလိုင် ၁၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ်အတွင်းတွင် ၂၀၁၄-၂၀၁၅ ခုနှစ် ဘဏ္ဍာနှစ်အတွင်း မန်ပျဉ်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာခုနှစ်ရွာတွင် ဆောင်ရွက်ခဲ့သည့် စိမ့်စမ်းရေသွယ်တန်းထားရှိမှုများ၏ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်းကို ယမန်နေ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။


အဆိုပါ ကွင်းဆင်းစစ်ဆေးမှုတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးစောမြင့်ထွန်း ၊ခရိုင်ဦးစီးမှူး ဦးတင်မော်သန်းနှင့်မြို့နယ်ဦးစီးမှူး ဦးဘရန်ဆိုင်းနှင့် တာဝန်ခံများက ကျေးရွာများသို့ သွားရောက်ကာ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။


ပြည်နယ်ဦးစီးမှူးနှင့်အဖွဲ့သည် မန်ပျဉ်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာခုနှစ်ရွာတွင် ရေရရှိစေရန်   ၁၁ မိုင်အကွာအဝေးရှိ ရေပိုက်လိုင်းများ သွယ်တန်းထားရှိမှုကို စစ်ဆေးကြည့်ရှုပြီး  ဒေသခံ ပြည်သူများနှင့် တွေ့ဆုံကာ လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


စိုင်းထွန်း 

https://t.me/MyanmarNationalPost




No comments:

Post a Comment