မိုးနဲမြို့နယ်၌ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် နယ်လှည့် ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးနဲမြို့နယ်၌ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် နယ်လှည့် ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကွင်းဆင်းဆောင်ရွက်




MNP ၊ ဇူလိုင် ၁၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ကွန်းလုံအခြေခံပညာမူလတန်းကျောင်း၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးညွန့်ရွှေနှင့် ဝန်ထမ်းများကပညာရေးဌာနမှ ဆရာ/ဆရာမများနှင့်ပူးပေါင်းကာဟောပြောပွဲနှင့် နံရံကပ် စာစောင်ပြပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


ရှေးဦးစွာ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးညွန့်ရွှေက ၂၀၂၃ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၆) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အကြိုအဖြစ် ကျောင်းသား/သူလေးများ နေ့ကြီးရက်ကြီးများကို အမှတ်တရ ရှိနေစေရန်၊ လွတ်လပ်ရေးရရှိရန် ကျိုးပမ်းခဲ့ကြသော အာဇာနည်ခေါင်းဆောင်ကြီးများအား အမှတ်ရနေစေရန်၊  မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြတ်လာစေရန်နှင့် နိုင်ငံ့အကျိုးပြုနိုင်သည့် ခေါင်းဆောင်ကောင်းများ ပေါ်ထွန်းလာစေရန် ဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်ရခြင်း ဖြစ်ကြောင်းပြောကြားပေးခဲ့သည်။ ထို့နောက် စာကြည့်တိုက်တာဝန်ခံ ဒုတိယဦးစီးမှူး ဒေါ်နန်းမွမ်းဆိုင်က စာအုပ်စာပေဖတ်ရှုခြင်း၏ အကျိုးကျေးဇူးများကို ရှမ်းဘာသာ (မြန်မာဘာသာ)နှစ်ခုစလုံးဖြင့်ပြောကြားပေးခဲ့ပြီး ကလေးများအကြိုက် ရုပ်ပြစာအုပ်များကို ပြသခဲ့ကာ စာကြည့်တိုက်သို့ အခမဲ့လာရောက်ငှားရမ်းနိုင်ကြောင်းကိုလည်း ပြောကြားပေးခဲ့သည်။


ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ရရှိလာမည့်ဆိုးကျိုးများပါရှိသည့် နံရံကပ် စာစောင်၊ အာဇာနည် ခေါင်းဆောင်ကြီး (၉) ဦး၏ ရုပ်ပုံနှင့် လွတ်လပ်ရေးရရှိရန် ကြိုးပမ်းနေကြသည့် မှတ်တမ်းဓာတ်ပုံများပါရှိသော နံရံကပ်စာစောင်နှင့် လူကုန်ကူးမှုအန္တရာယ်မဖြစ်ပေါ်စေရေး ဆောင်ရွက်ရမည့်အချက်များပါရှိသည့် နံရံကပ်စာစောင်များကို ကျောင်း သား/သူလေးများ အသိပညာရရှိစေရန် ပြသပေးခဲ့ ကြောင်းသိရသည်။


ဇင်ကိုကို

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)