ပေါင်မြို့နယ်တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်ဆောင်ရွက်






MNP ၊ ဇူလိုင် ၁၄

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် မုတ္တမနယ်မြေရဲစခန်းနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာ‌ပေး ဟောပြောပွဲကို ( အထက ) မုတ္တမ ကျောင်း၌ ဟောပြော ဆောင်ရွက်ခဲ့ကြသည်။


အခမ်းအနားတွင် ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး က အမှာစကားပြောကြားပြီး မုတ္တမနယ်မြေရဲစခန်းမှ ရဲအုပ်ရဲစိုးက  ကျောင်းသား၊ကျောင်းသူများ မူးယစ်ဆေးဝါးအန္တရာယ် သတိပြုကြရေးနှင့်ကျောင်းစာကို ကြိုးစားကြသလို ဗဟုသုတ  တိုးပွားရေးအတွက် ပြင်ပ စာပေများကိုပါ လေ့လာဖတ်ရှုကြခြင်းဖြင့် အနာဂတ်ကာလ၌ အသိပညာကြွယ်ဝသည့် နိုင်ငံသားကောင်းများ ဖြစ်လာနိုင်ရေးတို့ကို ဟောပြောဆွေးနွေးခဲ့ကြသည်။


ဆက်လက်၍  မုတ္တမနယ်မြေရဲစခန်းမှ ဒုရဲအုပ်ထွန်းဦး က လူကုန်ကူးမှုသည် ခေတ်သစ်ကျေးကျွန်စနစ်အသွင်ဖြင့် ပြန်လည်ပေါ်ပေါက်လာသည့်အတွက် ကျောင်းသား၊ကျောင်းသူများ မိမိကိုယ်ကို ကာကွယ်နေထိုင်ကြရန် ၊လူကုန်ကူးမှုခံရသူ၏ အဆိုးရွားဆုံးပုံစံမျာနေ ဆောင်ရန်၊ရှောင်ရန်အချက်များကို ကျောင်းသား/ကျောင်းသူများက လိုက်နာဆောင်ရွက်ကြရန်‌ဟောပြော‌ခဲ့သည်။


ပေါင်မြို့နယ် ရဲတပ်ဖွဲ့အနေဖြင့် ပြည်သူတို့၏အသက်အိုးအိမ်စည်းစိမ်များကိုကာကွယ်စောင့်ရှောက်ပေးသည့် အပြင် ကျောင်းသား၊ကျောင်းသူများ မူးယစ်ဆေးဝါးအန္တရာယ် နှင့်လူကုန်ကူးမှုမှပပျောက်စေရန် အသိပညာပေးလုပ်ငန်းများကို အခါအားလျော်စွာပြုလုပ်လျက်ရှိကြောင်းသိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)