မြို့သစ်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ကျေးလက်လမ်း/တံတားများ တည်ဆောက်မှု အချိန်မီပြီးစီးရေးကွင်းဆင်းကြည့်ရှု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြို့သစ်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ကျေးလက်လမ်း/တံတားများ တည်ဆောက်မှု အချိန်မီပြီးစီးရေးကွင်းဆင်းကြည့်ရှု


MNP ၊ ဇူလိုင် ၂၀

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် အတွင်းဆောင်ရွက်လျက်ရှိသည့် ပေပင်ရိုး-ပုဂံမျှော်- တောင်တွင်း-မြို့သစ်-နတ်မောက်လမ်း လမ်းအရှည် (၀ / ၆.၁၃) မိုင်၊ (1. 233 km) အား (50-100) mmခွဲကျောက်ဖြင့် (4.88 m)ထု Subbase ခင်းခြင်း၊ (3.66 m)အကျယ် (175 mm)ထုကွန်ကရစ်ခင်းခြင်း၊ (225 mm) ထု အမာခံ လမ်းပခုံးခင်းခြင်း၊ (Without Subgrade) ဆောင်ရွက်နေမှုအား အချိန်မီပြီးစီးနိုင်ရေး တာဝန်ရှိ သူများက ယမန်နေ့နံနက်ပိုင်းတွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


မြို့သစ်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေ  (၂၀၃ ဒသမ ၇၉၁)  ကျပ်သန်းဖြင့် ဆောင်ရွက်လျက်ရှိသော ကျေးလက် လမ်း/တံတားလုပ်ငန်းများ၊ ဆောင်ရွက်ရန်လျာထားသည့် ကျေးလက်လမ်း / တံတားလုပ်ငန်းများနှင့် လမ်းနယ်ရရှိမှုအခြေအနေတို့အား ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ၊ နေပြည်တော်(ရုံးချုပ်)မှ အင်ဂျင်နီယာချုပ် ဦးထွန်းဝေ၊ မကွေးတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးနှင့် မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက မြေပြင်ကွင်းဆင်း ကြည့်ရှုစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ဇော်ဇော် 

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)