MNP ၊ ဇူလိုင် ၂၀
မိတ္ထီလာမြို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးကြီးတွင် ဈေးရောင်းဈေးဝယ်များ ပလပ်စတစ်သုံးစွဲမှု လျှော့ချရေးနှင့် သုံးစွဲမှုကင်းစင်ပပျောက်ရေး အသိပညာပေး Campaign ကို ယနေ့နံနက် ၉ နာရီအချိန်က ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မိတ္ထီလာမြို့မဈေးကြီးနှင့် ဈေးပတ်လမ်းအနီးတွင် ဈေးရောင်းချသူများနှင့် ဈေးဝယ်လာသူများအား ပလပ်စတစ်သုံးစွဲမှုလျှော့ချရေးနှင့် သုံးစွဲမှုကင်းစင်ပပျောက်ရေး အသိပညာပေးလက်ကမ်းစာစောင်များနှင့် ပလပ်စတစ်အစားထိုး စားသောက်ကုန်ထုတ်ပိုးနိုင်သည့် အင်ဖက်များကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဇော်ဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်အောင်လေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးထက်ဇော်နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန လက်ထောက်ညွှန်ကြားမှူး ဦးအောင်အောင်ကြွယ်နှင့်ဝန်ထမ်းများ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဖြန့်ဝေပေးပြီး ပလပ်စတစ်သုံးစွဲမှုလျှော့ချရေးနှင့်သုံးစွဲမှု ကင်းစင်ပပျောက်ရေး အသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။
ချမ်းသာ
https://t.me/MyanmarNationalPost
No comments:
Post a Comment