အကြမ်းဖက်လှုပ်ရှားမှုကို အကြောင်းပြု လေစိုက်ပြီး စီးပွားရှာသူတွေနဲ့ အသက်ခန္ဓာရင်းပြီး လှည်းကြိုးထမ်းသူတွေ ဒေါ်စုစကားတောင် လက်မခံကြတော့ပါလား ကွယ်ရို့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အကြမ်းဖက်လှုပ်ရှားမှုကို အကြောင်းပြု လေစိုက်ပြီး စီးပွားရှာသူတွေနဲ့ အသက်ခန္ဓာရင်းပြီး လှည်းကြိုးထမ်းသူတွေ ဒေါ်စုစကားတောင် လက်မခံကြတော့ပါလား ကွယ်ရို့


နောင်တော်လေး (ဘိုကလေး)


ဒေါ်အောင်ဆန်းစုကြည် ခမျာမှာလည်း ကိုယ်မွေးတဲ့မျောက် က ကိုယ့်ပြန်ခြောက် ဆိုသလို ဖြစ်နေပြီ။  NLD ပါတီမှာ နေရာရခဲ့သူ၊ လုပ်စားခွင့် ရခဲ့သူမှန်သမျှဟာ ဒေါ်စုထမီနားခိုပြီး ပြည်သူကိုပါးစပ်ဖျားက မချ ပြောပြီး ကိုယ်ကျိုးရှာခဲ့တဲ့ ကောင်တွေ၊ ကောင်မတွေ ချည်းပါပဲ။ NLD အာဏာရတဲ့ အခိုက်အတန့်မှာ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက အစ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ပြည်ထောင်စုဝန်ကြီးများ ရတဲ့အပေါက်က ခိုးခဲ့ကြတာပဲ။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း အဂတိမကင်းသူဆိုတော့ အောက်က ခွေးဝဲစားတွေက ဒေါ်စုအတွက်ပဲ ရှာသလိုလို၊ ဒေါ်စုကို ပေးတာနည်းနည်း ကိုယ်ကျိုးအတွက် ဘုန်းတာများများပေါ့ဗျာ။ 

တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များထဲမှာ ခိုးကြသူအချင်းချင်း ကံဆိုးမိုးမှောင်ကျခဲ့သူက တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် လုပ်သွားတဲ့ ဒေါ်လဲ့လဲ့မော်။ သူမ ခမျာမှာ သိန်းထောင်ဂဏန်းလောက် အဂတိလိုက်စားမိတာနဲ့ ဖမ်းဆီးထိန်းသိမ်းခြင်း ခံရတယ်။ အခြားတိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေ သိန်းပေါင်း သောင်းနဲ့ချီ ခိုးတာတောင် မပေါ်ဘူး။ အဲဒီအချိန်တုန်းကတော့ ဖားပြုတ်ကြီးဝင်းထိန် က ဒေါ်လဲ့လဲ့မော် ကို အရေးယူသလိုသာ တခြား တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေလည်း တစ်ယောက်မှ ကျန်မှာ မဟုတ်ဘူးဆိုတော့ ဝင်းထိန်ကြီးကိုတောင် နီပိန်းတွေ ဝိုင်းလှော်ကြသေးတယ်။ အဲဒီမှာ မုံရွာအောင်ရှင် က "ပုပ်လို့ ကြွေတဲ့အသီးအတွက် အပင်မှာ တာဝန်မရှိဘူး" ဆိုပြီး စကားကြီး စကားကျယ် ပြောသေးသဗျ။

 နစကအစိုးရ တက်လာပြီး စစ်ဆေးတော့မှ NLD အစိုးရလက်ထက် နိုင်ငံတော်အတိုင်ပင်ခံဆိုသူ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဂတိလိုက်စားမှု (၉)မှု မှာ အမေရိကန်ဒေါ်လာ (၄)သန်းကျော်၊ မြန်မာကျပ်ငွေ (၄၉၂၀၆)သန်းကျော်၊ ထမီနားခိုပြီး သမ္မတဖြစ်လာတဲ့ ဝင်းမြင့် ရဲ့ အဂတိမှု (၅)မှုမှာ အမေရိကန်ဒေါ်လာ(၄)သန်းကျော်၊ မြန်မာကျပ်ငွေ (၂၃၀၄၈)သန်းကျော် စစ်ဆေးပေါ်ပေါက်ခဲ့တယ်။

နီပိန်းများမှာ အဲဒီလောက်အထိ အလွန်အကျူးအဂတိလိုက်စားထားတဲ့ ပုဂ္ဂိုလ်တွေကိုတောင် ဘာအပြစ်မှ မရှိဘဲ ဖမ်းဆီးခံထားရသလိုလို ထင်ယောင်ထင်မှားဖြစ်အောင် လိမ်ညာဖုံးကွယ်ရေးသားပေးသူတွေကလည်း အားကောင်းမောင်းသန်ဆိုတော့ နီပိန်းလေးတွေမှာ အမှန်ကို မမြင်နိုင်ကြဘူး။

ဒေါ်အောင်ဆန်းစုကြည် ကတော့ သူ့အရှိန်အဝါနဲ့ သူရတာပဲ ထားပါတော့။ ထမိန်နားခိုပြီး ပြည်ထောင်စုဝန်ကြီးဖြစ်လာသူတွေ၊ ပြည်နယ်နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖြစ်လာသူတွေ ခိုးတဲ့ ပမာဏဟာ အမေရိကန်ဒေါ်လာ(၁၃)သန်းကျော်၊ မြန်မာကျပ်ငွေ (၃၆၁) ဘီလီယံကျော် ရှိခဲ့တယ်။ ပဲခူးတိုင်းဒေသကြီး NLD ဝန်ကြီးချုပ် ဝင်းသိန်း ဆိုရင် ၂၀၂၀ ရွေးကောက်ပွဲမှာ ငါးထောင်တန် အုပ်လိုက်အိပ်ကပ်ထဲ ထည့်ပြီး ဝေခဲ့တာ။ ဝေနိုင်တာပေါ့ဗျာ။ ခိုးထားတာတွေက ရှိနေတော့ ငါးထောင်တန်မဟုတ်ဘူး တစ်သောင်းတန်တောင် ဝေလို့ ရသေးတယ်။

လုပ်ပိုင်ခွင့် အာဏာသုံးပြီး ခိုးတယ်။ လုပ်ပိုင်ခွင့် အာဏာအလွဲသုံးစားလုပ်ပြီး အဂတိလိုက်စားလို့ ရတယ်။ လွယ်လွန်းတယ်။ ဆိုတော့ အာဏာရဲ့ အရသာကို သိသွားတယ်။ နောက်ထပ် သက်တမ်းတစ်ဆက် အနိုင်ရချင်တယ်။ ရာထူးအာဏာမရခင်တုန်းကတော့ တရားဥပဒေစိုးမိုးရေး၊ လူ့အခွင့်အရေး၊ ပြည်သူ ဆိုတာကို ပါးစပ်ဖျားက မချပြောတဲ့ ကောင်တွေ၊ ကောင်မတွေ အာဏာရတဲ့အခါကြတော့ တရားဥပဒေစိုးမိုးမှု ပျက်ပြားအောင်လုပ်တယ်။ အဂတိလိုက်စားတယ်။ အာဏာရှိတဲ့အခါကြတော့ ပြောသလိုဖြစ်တယ်။ ပြောသလောက် ရတဲ့အခါကြတော့ ဒီအာဏာကို စွန့်လွှတ်ရမှာ ကြောက်ပြီပေါ့။ ဘယ်လိုနည်းနဲ့ပဲ အနိုင်ရရ နိုင်ဖို့သာ အဓိက ဦးတည်ပြီး မဲလိမ်မဲခိုးမှုတွေ ကျူးလွန်လိုက်မိရာက လမ်းဘေးရောက်ကုန်ကြတယ်။

ဘယ်လိုလုပ်ပြီး ခံစားနိုင်တော့မလဲ။ လင်လည်းဆုံး၊ သားလည်းဆုံးတဲ့ မပဋာလို အရူးမီးဝိုင်းဖြစ်ပြီပေါ့။ ရွေးကောက်ပွဲမှာ မဲလိမ်မဲခိုးပြီး အာဏာမရတော့ အကြမ်းဖက်နည်းနဲ့ အာဏာရဖို့ ကြိုးစားလာကြပြန်တယ်။ အရူးမီးဝိုင်း ဖြစ်နေတာဆိုတော့ အမှားအမှန် မခွဲခြားနိုင်ဘူးပေါ့ဗျာ။ ခွေးဝဲစား နီပိန်းတွေ သွေးကြွနေတဲ့အချိန် အမေရိကန် ကလည်း အလိုက်သင့်လေး အချွန်နဲ့ မပေးလိုက်တဲ့အခါကြတော့ နီပိန်းတွေ ဟာ အကြမ်းဖက်သမားတွေ ဖြစ်လာကြတယ်။

ဒေါ်အောင်ဆန်းစုကြည် ခမျာမှာတော့ အဂတိလိုက်စားမှုတွေအတွက် ရင်ဆိုင်နေရတယ်။ ထမိန်နားခိုပြီး လုပ်စားခဲ့တဲ့ ကောင်တွေက အကြမ်းဖက်လှုပ်ရှားမှုနဲ့ စီးပွားရှာနေကြတယ်။

၂၀၂၃ ခုနှစ် ဇူလိုင်လ (၉)ရက်နေ့ က ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်က အနောက်အုပ်စုရဲ့ ပံ့ပိုးမှုနဲ့ အပြစ်မဲ့ ပြည်သူတွေကို သတ်ဖြတ်နေတဲ့ PDF, NUG အဖွဲ့တွေကို အသိအမှတ် မပြုပါဘူးလို့ သတင်းစကား ပါးလိုက်တဲ့အခါ ထိုင်းနိုင်ငံခြားရေးဝန်ကြီးကလည်း အာဆီယံအစည်းအဝေးမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားကို ချပြခဲ့တယ်။

အဲဒီမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထမီနားခိုပြီး အကြမ်းဖက်လှုပ်ရှားမှုနဲ့ စီးပွားရှာနေကြတဲ့ NUG အဖွဲ့ဝင်တွေ၊ ပြည်ဖျက်မီဒီယာတွေ စွေ့စွေ့ခုန်တော့တာပါပဲ။ မတန်မရာ ဒေါ်အောင်ဆန်းစုကြည် ရဲ့ နိုင်ငံခြားရေးဝန်ကြီးနေရာကို ယူထားတဲ့ ဇင်မာအောင် က တိုင်းပြည်ရဲ့အရေးကို တစ်ဦးတစ်ယောက်ရဲ့ သဘောထားနဲ့ ဆုံးဖြတ်လို့ မရပါဘူးဆိုပြီး ပေါက်ကွဲပါလေရော။ အကြမ်းဖက်လှုံ့ဆော်ပြီး ငွေရှာနေကြတဲ့ ကောင်တွေ၊ ကောင်မတွေ အားလုံးက ဒီနေရာမှာတော့ ညီညွတ်နေကြပြန်ရောဗျာ။ ဒီလို စကားမျိုးကို ဒေါ်အောင်ဆန်းစုကြည် က ပြောမှာ မဟုတ်ပါဘူးဆိုပြီး အုံလိုက်ကျင်းလိုက် လှုံ့ဆော်ကြတယ်ဗျ။ 

အော် - ဒေါ်အောင်ဆန်းစုကြည် ဘဝဟာ တွေးကြည့်ရင် သနားဖို့ကောင်းတယ်။ ထမိန်နားခိုပြီး လိုက်ခဲ့ကြတဲ့သူတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ငြိမ်းချမ်းရေးနိုဘယ်ဆုရင် ဆိုတဲ့ ဂုဏ်ကို မထောက်ထားကြတော့ဘူး။ ဒေါ်အောင်ဆန်းစုကြည် ရဲ့ စကားကို အလေးမထားကြတော့ဘူး။ ကြောင်အိုတော့ ကြွက်မလေး ဆိုသပေါ့ဗျာ။ ဒေါ်အောင်ဆန်းစုကြည် ရဲ့ အသက်အရွယ်အရ ဒေါ်အောင်ဆန်းစုကြည်ကို ခုတုန်းလုပ်ပြီး နောက် ၅နှစ် လုပ်စားဖို့ မလွယ်တော့ဘူး။ ဒေါ်စုနေရာကို ရလေမလားဆိုပြီး ဒေါ်စုကို အကန်စကားတွေ ပြောလာကြတာ။

ပြည်ပြေး ဝရမ်းပြေး NUG အဖွဲ့ဝင်တွေ က ဒေါ်စုစကား နားမထောင်ချင်တဲ့ ကိစ္စကြတော့လည်း နားမထောင်ဘူးနော်။ နားထောင်တဲ့ အပိုင်းလည်း ရှိတယ်ဗျ။ ဒေါ်စု ပြောထားတဲ့ ရုပ်သံဖိုင်လေးတောင်  ဒီရက်ပိုင်းအတွင်း ပြန်ပြီး ထွက်ပေါ်လာပါသေးတယ်။ နိုင်ငံရေးကို ကျည်ဆံတွေနဲ့ မလုပ်ပါနဲ့။ လေနဲ့ လုပ်ပါတဲ့။ ပြည်ပြေး ဝရမ်းပြေးတွေက အဲဒီစကားကြတော့ နားထောင်တယ်ဗျ။ သူတို့ကို ယမ်းငွေ့တောင် အသမ်းမခံဘူး။ သူတို့က လေပဲ စိုက်တယ်။ စကစ ကို ဘယ်လို တိုက်မှာ၊ PDF တွေ ဘယ်လို တိုက်ကြပါ၊ PDF တွေ တိုက်တာ စကစတပ်ဖွဲ့ဝင်တွေ ဘယ်လောက်တောင် သေကုန်ပြီ။ အကြမ်းဖက်လှုပ်ရှားမှုကို ဦးဆောင်နေပေမယ့် သူတို့တွေက အပ်တိုတစ်ချောင်းတောင် မကိုင်ဘူး။ ပြည်ပြေး ဝရမ်းပြေးတွေနဲ့ ပြည်ဖျက်မီဒီယာတွေ ညီညွတ်တယ်။ လေလှိုင်းပေါ်က လူသတ်သမားပဲ လုပ်တယ်။ သူတို့အားလုံး က လွတ်မြောက်နယ်မြေမှာ။ နစကအစိုးရ အနေနဲ့ ဖမ်းလို့လည်း မရဘူး။ သူတို့တွေ ပေါက်ကရ ပေါက်ပန်းစေ ဘယ်လိုပင် ပြောနေစေကာမူ တားလို့ ဆီးလို့ မရဘူး။

လာပြီ - ငမိုက်သား PDF တွေကတော့ ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာ နိုင်ငံရေးလုပ်စားသူတွေနဲ့ ပြည်ဖျက်မီဒီယာတွေပြောသမျှ အဟုတ်ထင်တယ်။ ကိုယ့်ရွာသူရွာသားအချင်းချင်းလည်း သတ်တယ်။ NUG က ငွေပေးပြီး ဘယ်သူ့ကို သတ်လိုက်ဆိုရင်လည်း လိုက်သတ်တယ်။ ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာတွေ ခိုင်းတဲ့အလုပ်ကို လိုက်လုပ်ရင်း က်ထဲမှာ မိုင်းကွဲလို့ သေ၊ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ ထိပ်တိုက်တွေ့လို့ သေ၊ PDF တွေရဲ့ ရက်စက်ယုတ်မာရိုင်းစိုင်းမှုကြောင့် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူတွေလည်း သေ၊ ဖမ်းဆီးခံရတဲ့ PDF တွေ၊ အကြမ်းဖက်လှုံ့ဆော်တဲ့ နီပိန်းတွေ က ထောင်ထဲဝင်၊ သူခိုးဓားမြ PDF တွေက ငရဲပြည်ရောက်ကုန်တာလည်း သူတို့ပြဆိုတဲ့ စာရင်းအရဆိုရင် မနည်းတော့ပါဘူး။

ပြည်ပြေး ဝရမ်းပြေး နိုင်ငံရေးလုပ်စားသူတွေအတွက် အသိဉာဏ်ဆင်ခြင်တုံတရားနဲ့ ပြည့်စုံတဲ့သူတွေ မလိုဘူး။ နီပိန်းတွေသာ ဆင်ခြင်တုံတရားရှိတဲ့သူဆိုရင် သတ်ခိုင်းလို့လည်း မရတော့ဘူး။ သေတွင်းထဲ တွန်းပို့ဖို့လည်း မလွယ်တော့ဘူးလေ။ ဒါတွေကို ကြိုတင်တွက်ဆပြီး ပြည်ပြေး ဝရမ်းပြေး NUG အဖွဲ့က ကျောင်းမတက်နဲ့ ကျောင်းထွက် လို့ လှုံ့ဆော်တာပေါ့။ လူငယ်တွေ ကျောင်းတက်ကုန်ကြရင် သူတို့အတွက် အကြမ်းဖက်သမား ရှာဖို့မလွယ်တော့ဘူး။ 

ကျောင်းမတက်နဲ့ ကျောင်းထွက်လို့ လှုံ့ဆော်ပြီး တခါတည်း လူငယ်တွေကို KNU, KIA အကြမ်းဖက်အဖွဲ့တွေဆီပို့ပြီး အကြမ်းဖက်သင်တန်းတက်ကြ၊ ကိုယ့်ရပ် ကိုယ့်ရွာ ပြန်ပြီး အုပ်ချုပ်ရေးမှူးသတ်၊ ရာအိမ်မှူး/ ဆယ်အိမ်မှူးသတ်၊ အစိမ်းဆိုရင်သတ်။ နောက်ဆုံးတော့ နီနီ စိမ်းစိမ်း NUG, PDF ကို အားမပေးရင် သတ်တဲ့အဆင့်အထိ ဖြစ်လာတယ်။

ခွေးဝဲစား PDF နွားလေးတွေမှာလည်း ရှေ့တိုး ထမ်းပိုး၊ နောက်ဆုတ် လှည်းတုတ် ဆိုသလို NUG  က ခိုင်းတာကို မလုပ်ပြန်ရင်လည်း PDF အချင်းချင်း သတ်လို့ သေရမယ်။ NUG က ခိုင်းတာကို လုပ်ပြန်တော့လည်း ရာဇဝတ်သားတွေ အဖြစ်နဲ့ ဘဝနိဂုံးချုပ်ရမယ်။

အကြမ်းဖက်လှုပ်ရှားမှုကို အကြောင်းပြု လေပဲစိုက်ပြီး စီးပွားရှာတဲ့သူတွေနဲ့ အကြမ်းဖက်လှုပ်ရှားမှုမှာ အသက်ခန္ဓာရင်းပြီး လှည်းကြိုးထမ်းတဲ့သူတွေမှာ ဒေါ်စုက အကြမ်းဖက်အဖွဲ့တွေကို အသိအမှတ်မပြုပါဘူးလို့ ပြောလာတာကိုပင် လက်မခံနိုင်ကြတော့ပါလား ကွယ်ရို့။   ။


#MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)