ပခုက္ကူမြို့နယ် နှောပင်ကျေးရွာအနီး ပဒက်ကင်များနှင့် လက်နက်၊ ခဲယမ်းများ သိမ်းဆည်းရရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပခုက္ကူမြို့နယ် နှောပင်ကျေးရွာအနီး ပဒက်ကင်များနှင့် လက်နက်၊ ခဲယမ်းများ သိမ်းဆည်းရရှိ


MNP ၊ ဇူလိုင် ၂၄

ပခုက္ကူမြို့နယ်၊ နှောပင်ကျေးရွာ အနီး ဒေသတည်ငြိမ်အေးချမ်းမှုအတွက် လုံခြုံရေးအဖွဲ့များက နယ်မြေရှင်းလင်း ရေးဆောင်ရွက်ခဲ့ရာ ယနေ့ နံနက် ၇နာရီခန့်က PDFအကြမ်းဖက်အဖွဲ့ဝင် ပဒက်များနှင့် ထိတွေ့မှုဖြစ်ပြီး ပဒက် ၂ လောင်း၊ လက်လုပ်သေနတ် ၁ လက်၊ လက်လုပ်မိုင်း ၁ လုံး၊ ၅.၅၆ ကျည် ၂၅ တောင့်၊ ဆိုင်ကယ်ဘတ္တရီ ၁ လုံး၊ နီ/နက်ဝါယာကြိုး ၁ ခွေ တို့အား သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ PDF အကြမ်းဖက်သမားများမှာ ပြည်သူများ၏ နေအိမ်များနှင့် လမ်း၊ တံတားများ အား မီးရှိဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်း၊ ကျေးရွာများအတွင်း ဝင်ရောက်၍ အဖျက်အမှောင့်လုပ်ရပ်များကို နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်လျက်ရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ရှာဖွေဖော်ထုတ်ဖမ်းဆီးခြင်းများနှင့် ရှင်းလင်းခြင်းများကို နေ့/ညမပြတ် အရှိန်အဟုန်မြှင့် ကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ပြည်ပြေး ဝရမ်းပြေး CRPH, NUG အကြမ်းဖက်အဖွဲ့ဝင်များက လေစိုက်၊ PDF အကြမ်းဖက်သမားများ က အသက်ခန္ဓာစိုက်၍ လုပ်ဆောင်လျက်ရှိသော အကြမ်းဖက်လုပ်ရပ်များအပေါ် ပြည်သူများက ရွံမုန်းလာကြသည်။


#MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)