ကျန်းမာရေးဝန်ကြီးဌာနမှ ပါမောက္ခ/အထူးကုဆရာဝန်ကြီးများက ပုသိမ်မြို့ရှိဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနေများကို တိုင်းဒေသကြီး ဝန်ကြီးချုပ်ကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျန်းမာရေးဝန်ကြီးဌာနမှ ပါမောက္ခ/အထူးကုဆရာဝန်ကြီးများက ပုသိမ်မြို့ရှိဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနေများကို တိုင်းဒေသကြီး ဝန်ကြီးချုပ်ကြည့်ရှုအားပေး









MNP ၊ ဇူလိုင် ၂၄

ကျန်းမာရေးဝန်ကြီးဌာနမှ ပါမောက္ခ/အထူးကုဆရာဝန်ကြီးများက ပုသိမ်မြို့ရှိ ဒေသခံပြည်သူများအား ကုတင် (၅၀၀) ဆံ့ပြည်သူ့ဆေးရုံကြီးတွင် (၂၂.၇.၂၀၂၃) မှ (၂၃.၇.၂၀၂၃) ရက်အထိ(၂)ရက်တိုင်တိုင် ကျန်းမာရေးစောင့်ရှောက်မှုပေးနေများ ဆောင်ရွက်ပေးလျက်ရှိရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဇနီးများက ယမန်နေ့နံနက်ပိုင်းတွင် သွားရောက်ကြည့်ရှု အားပေးခဲ့သည်။


ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဆေးလာရောက်ကုသသည့် လူနာများနှင့် ရင်းရင်းနှီးတွေ့ဆုံ၍ အားပေးစကားများ ပြောကြားခဲ့ကာ နံနက်စာ စားသောက်ဖွယ်ရာများ ထောက်ပံ့လှူဒါန်းခဲ့သည်။ ထို့နောက် ကျန်းမာရေးဝန်ထမ်းများက လူနာများစာရင်းရေးသွင်းနေမှု၊ အထူးကုဆရာဝန်ကြီးများဖြစ်ကြသည့် ပါမောက္ခဒေါက်တာနွယ်နွယ်(နှလုံးဆေးကု)၊ ပါမောက္ခဒေါက်တာသန်းသန်းအေး (အစာအိမ်နှင့်အူလမ်းကြောင်း)၊ ပါမောက္ခဒေါက်တာသင်းသင်းနွဲ့ (ဆေးပညာ)၊ ပါမောက္ခဒေါက်တာမိုးဝင့်အောင် (ဆီးချိုနှင့်ဟော်မုန်း)၊ ပါမောက္ခဒေါက်တာဖြူဖြူလေး (ဦးနှောက်နှင့်အာရုံကြောဆေးကု)၊ ပါမောက္ခဒေါက်တာကျော်စွာအောင် (ဦးနှောက်နှင့်အာရုံကြောခွဲစိတ်)၊ ပါမောက္ခဒေါက်တာခိုင်ရွှေဝါပွင့်(သွေးရောဂါ) ၊ဒေါက်တာယဉ်နွယ်ထွန်း တွဲဖက်ပါမောက္ခ၊ (နှလုံးဆေးကု)၊ ဒေါက်တာဇေယျာလွင် (အထူးကုဆရာဝန်)(အစာအိမ်နှင့်အူလမ်းကြောင်း)တို့က ဆေးကုသမှုပေး‌နေမှုများအား‌ တိုင်းဒေသကြီးကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးဒေါက်တာဇော်မင်းထွန်း၊ ပုသိမ်ဆေးရုံအုပ်ကြီးဒေါက်တာကျော်ဇင်တို့မှလိုက်လံရှင်း လင်း‌ပြောကြားခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးတို့က အထူးကုဆရာဝန်ကြီးများအား ဒေသထွက်အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။


ထိုသို့ ကျန်းမာရေးဝန်ကြီးဌာနမှ ပါမောက္ခ/အထူးကုဆရာဝန်ကြီးများက ပုသိမ်ပြည်သူ့ ဆေးရုံကြီး၊ ကုတင်(၅၀၀)ဆံ့ပြည်သူ့ဆေးရုံကြီးတွင် (၂၂.၇.၂၀၂၃)မှ(၂၃.၇.၂၀၂၃) ရက်အထိ(၂)ရက်တိုင်တိုင် ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် နှလုံးရောဂါ ၁၄၇ဦး၊ အစာအိမ်နှင့်အူလမ်းကြောင်း ရောဂါ၉၂ဦး၊ ဆေးပညာ ၂၂၃ဦး၊ ဆီးချိုနှင့်ဟော်မုန်း ၁၂၄ဦး၊ ဦးနှောက်နှင့်အာရုံကြောဆေးကု ၁၄၁ဦး၊ ဦးနှောက်နှင့်အာရုံကြောခွဲစိတ် ၃၆ဦး၊ သွေးရောဂါ ၂၂ဦးနှင့် ပုသိမ်ပြည်သူ့ဆေးရုံကြီးမှ မျက်စိ ၇၄ ဦး၊ သားဖွားမီးယပ်၁၀ ဦး၊ အရိုး ၇၉ ဦး၊ ခွဲစိတ် ၁၇ဦး၊ နား၊နှာခေါင်း၊ လည်ချောင်း ၂၀ဦး၊ သွား ၅ဦး၊ အရေပြား ၂၀ဦး၊ ကလေး ၉ဦး၊ စုစုပေါင်း ၁၀၁၉ဦးအား ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


လှမင်းထွဋ်

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)