ဗိုလ်မှူးချုပ်ဝင်းမောင်နှင့်အဖွဲ့ဝင်များ၊ ပုဏ္ဏားကျွန်းမြို့၌ ကျောင်းပတ်ဝန်းကျင်များ သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုတို့ကို ကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဗိုလ်မှူးချုပ်ဝင်းမောင်နှင့်အဖွဲ့ဝင်များ၊ ပုဏ္ဏားကျွန်းမြို့၌ ကျောင်းပတ်ဝန်းကျင်များ သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုတို့ကို ကြည့်ရှုအားပေး






MNP ၊   ဇူလိုင် ၈

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် ၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းတာဝန်ခံ ဗိုလ်မှူးချုပ် ဝင်းမောင်နှင့်အဖွဲ့ဝင်များသည် ယနေ့၊ နံနက် ၇ နာရီက ပုဏ္ဏားကျွန်းမြို့၊ မူ/လွန် (မြို့သစ်) ကျောင်းခြံဝင်းနှင့်ကျောင်းရှေ့လမ်းဘေးလျှောက်တွင် ကျောင်းပတ်ဝန်း ကျင်များ သန့်ရှင်းသာယာလှပရေးအတွက် တပ်မတော်မှ နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်အတူ ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို  လာရောက် ကြည့်ရှုအားပေးခဲ့ကြသည်။


ထိုသို့ဆောင်ရွက်ကြရာတွင် တပ်မတော်မှ နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်အတူ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့်ဌာနဆိုင်ရာဝန်ထမ်းများက အဆိုပါအခြေခံပညာမူလတန်း(လွန်)ကျောင်းခြံဝင်းနှင့်ကျောင်းရှေ့လမ်းဘေးတစ်လျှောက်ရှိ ခြုံနွယ် ပေါင်းပင်များအား ခုတ်ထွင်ရှင်းလင်းပေးခြင်း၊  မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ကျိုးပဲ့ကျန်နေသည့် သစ်ကိုင်း သစ်ရွက်များနှင့်အမှိုက် သရိုက်များကို ဖယ်ရှားရှင်းလင်းခြင်းတို့ ဆောင်ရွက်ခဲ့ကြပြီး၊ ကျောင်းရှေ့လမ်းဘေးတစ်လျှောက်တွင် ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေမြောင်းများ တူးဖော်ပေးကြသည်။


    ထိုနောက် ဗိုလ်မှူးချုပ် ဝင်းမောင်သည် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်တွေ့ဆုံ၍ မိုခါ မုန်တိုင်းတိုက်ခတ်ပြီးနောက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ကြရာတွင် မြို့သန့်ရှင်းသာယာလှပရေးအတွက် ဌာနဆိုင်ရာဝန်ထမ်းများအားလုံး ဝိုင်းဝန်းပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြစေလိုပါကြောင်း ရှင်းလင်းမှာကြားခဲ့ပြီး၊ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုတို့ကို ကြည့်ရှုအားပေးကာ လိုအပ်သည်များကို တာဝန်ရှိသူတို့နှင့်ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်းသတင်းရရှိသည်။


နီထွန်းအောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)