ကလောမြို့နယ်၊ ဘော်နင်းစံပြကျေးရွာ၌ ဆိုင်ကယ်ပြုပြင်သင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကလောမြို့နယ်၊ ဘော်နင်းစံပြကျေးရွာ၌ ဆိုင်ကယ်ပြုပြင်သင်တန်းဖွင့်လှစ်



MNP ၊ ဇူလိုင် ၂၉     

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဘော်နင်းစံပြကျေးရွာတွင် ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် အသေးစားကုန်ထုတ် လုပ်ငန်းများ ဖန်တီးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေတိုးရေး စီမံကိန်း ခေတ်မီစံပြ ကျေးရွာရှိ ကျေးလက်နေပြည်သူများ ဝင်ငွေတိုးပွားရေး လုပ်ငန်းမော်တော်ဆိုင်ကယ်ပြင် သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့မွန်းလွှဲ ၂ နာရီက ဘော်နင်းစံပြကျေးရွာ ဘုန်းတော်ကြီး ကျောင်း၌ ကျင်းပခဲ့သည်။


ရှေးဦးစွာ ရှမ်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးချုပ် တင်ကိုကိုက သင်တန်းဖွင့် အမှာစကားပြောကြားပြီးရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးနိုင်ထူးက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များ ရှင်းလင်း ပြောကြားခဲ့သည်။ ထို့နောက် ရှမ်းပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ကထောက်ပံ့ငွေများ ပေးရအပ်ခဲ့ရာ ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးက လက်ခံရယူခဲ့သည်။ အဆိုပါသင်တန်းတွင် ဘော်နင်းကျေးရွာအုပ်စုအတွင်းရှိကျေးရွာနေ ဒေသခံ သင်တန်းသား(၁၅)ဦးတို့ကို သင်တန်းကာလ(၁)လကြာ စာတွေ့လက်တွေ့ အခမဲ့ သင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


 ကျော်ဝင်း

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)