ဥတ္တရသီရိမြို့နယ်၌ ယာဉ်စည်းကမ်းလမ်းစည်းကမ်းအန္တရာယ် အသိပညာပေးခြင်းလုပ်ငန်းများဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဥတ္တရသီရိမြို့နယ်၌ ယာဉ်စည်းကမ်းလမ်းစည်းကမ်းအန္တရာယ် အသိပညာပေးခြင်းလုပ်ငန်းများဆောင်ရွက်




MNP ၊ ဇူလိုင် ၂၉     

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၌ ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအန္တရာယ် အသိပညာပေးခြင်းလုပ်ငန်းဆောင်ရွက်မှုကို ယမန် နေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ လူစည်ကားရာနေရာများတွင် ပြုလုပ်ခဲ့ကြကြောင်း သိရသည်။


ထိုသို့ဆောင်ရွက်ရာတွင် ဥတ္တရသီရိ မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးပြည့်ဖြိုးမင်း၊  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းယုနှင့် ဝန်ထမ်းများ၊ ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြစန်းရီ၊ မြို့နယ်ပညာရေးမှူး ဦးသန်းဆွေ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင် များနှင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများက မြို့နယ်အတွင်း ယဉ်စည်းကမ်း၊ လမ်းစည်း ကမ်းဆိုင်ရာ  အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပြီး  မော်တော်ဆိုင်ကယ် မောင်းနှင်လာသူများနှင့် လိုက်ပါစီးနှင်းလာသူများအား ဆိုင်ကယ်ဦးထုပ်ကို စနစ်တကျ အသုံးပြုခြင်းရှိ/မရှိ၊ မော်တော်ဆိုင်ကယ်တွင် ဘက်မှန်၊ အချက်ပြမီးနှင့် နံပတ်ပြားများပါ/ မပါ စစ်ဆေးပြီး ယာဉ်စည်းကမ်းနှင့် ကိုက်ညီမှုမရှိသည့် ယာဉ်မောင်းများအား တာဝန်ရှိသူများက ယာဉ်စည်းကမ်း လမ်းစည်းကမ်းအန္တရာယ်များနှင့် ပတ်သက်၍ အသိပညာပေးပြောကြား ခဲ့ကြကြောင်းနှင့် အသိပညာပေးကာလကုန်ဆုံးပါက ယာဉ်စည်းကမ်း လမ်းစည်းကမ်း လိုက်နာမှု မရှိသူများအား ထိရောက်စွာအရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။


အောင်မျိုးဝင်း

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)