မအီမြို့၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမိသားစု စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မအီမြို့၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမိသားစု စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကျင်းပ







MNP ၊ ဇူလိုင် ၂၉   

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမိသားစု စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက အဆိုပါ ဦးစီးဌာနရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။


အဆိုပါ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို မြို့အုပ်ချုပ်ရေးမှူး ဦးကျော်ပု၏ ဦးဆောင်မှုဖြင့် ထွေ/အုပ်ဝန်ထမ်းမိသားစုများ၊ မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများ စုပေါင်း ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ရှေးဉီးစွာ အခမ်းအနားကို နမောတဿ ( ၃) ကြိမ် ရွတ်ဆိုပူဇော်ပြီး ဥက္ကံတောင်ကျောင်းတိုက်၊ ပဓာန နာယကဆရာတော် ဘဒ္ဒန္တပညာဇောတထံမှ ငါးပါးသီလခံယူ ဆောက်တည်ခဲ့ကြသည်။ ထို့နောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းရခြင်း၏ အကျိုး တရားတော်အား  နာယူခဲ့ကြသည်။ ဆက်လက်ပြီး ဆရာတော်ဘုရားကြီးများက အန္တရာယ်ကင်းပရိတ်တရားတော်များအား ရွတ်ပွားသရဇ္ဈာယ် ပူဇော်ခဲ့ကြပြီး မြို့အုပ်ချုပ် ရေးမှူး ဦးကျော်ပုနှင့် ထွေ/အုပ်ဝန်ထမ်းမိသားစုများ၊  ဌာနဆိုင်ရာတာဝန်ရှိသူများက ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုများကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ထို့နောက် ဥက္ကံတောင်ကျောင်းတိုက်၊ ပဓာန နာယကဆရာတော်ထံ၌ လှူဒါန်မှု အစုစုတို့အတွက် ရေစက် သွန်းချအမျှပေးဝေခဲ့ကြပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။


အခမ်းအနားအပြီးတွင် ဆရာတော်ဘုရားကြီးများအား မြို့အုပ်ချုပ် ရေးမှူး ဦးကျော်ပုနှင့် ထွေ/အုပ်ဝန်ထမ်းမိသားစုများက နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြပြီး  ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း သတင်းရရှိသည်။


မောင်မောင်ဌေး

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)