ပေါင်မြို့နယ်တွင် ဝါဆိုမည့် သံဃာတော်များအား ဝါဆိုသင်္ကန်း ကပ်လှူပူဇော်ခြင်းနှင့်စုပေါင်းသန့်ရှင်းရေးပြုလုပ်ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်တွင် ဝါဆိုမည့် သံဃာတော်များအား ဝါဆိုသင်္ကန်း ကပ်လှူပူဇော်ခြင်းနှင့်စုပေါင်းသန့်ရှင်းရေးပြုလုပ်ဆောင်ရွက်







MNP ၊ ဇူလိုင် ၂၉   

မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း(၃၂၈)ကျောင်းတွင် ဝါဆိုဝါကပ် တော်မူမည့် သံဃာတော်များ စိတ်အေးချမ်းသာစွာသီတင်းသုံးနေထိုင်နိုင်ရေး အတွက် ဝါဆိုသင်္ကန်း ကပ်လှူခြင်း နှင့်ကျောင်းတိုက်များအတွင်း စုပေါင်းသန့်ရှင်းရေး လုပ်ငန်း များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဇူလိုင်လ (၂၇) ရက်နေ့မှ(၃၁)ရက်နေ့အထိ မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများအရောက် သွားရောက်ဆောင်ရွက်ခဲ့ကြသည်။


 ထိုသို့ဆောင်ရွက်ခြင်းကို ဌာနဆိုင်ရာ ဝန်ထမ်းများ၊တပ်မတော်သားများ၊ရဲတပ်ဖွဲ့ဝင်များ၊ရပ်ကွက်၊ကျေးအုပ်ချုပ်ရေးအဖွဲ့များ နှင့် ဒေသခံပြည်သူများမှပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး ဘုန်းတော်ကြီးကျောင်းတိုက်များသို့သွားရောက်ကာ ဝါဆို သံဃာတော်များအား ဝါဆိုသင်္ကန်းကပ်လှူခြင်းနှင့်ဘုန်းတော်ကြီးကျောင်းဝင်း  အတွင်း/ အပြင် သန့်ရှင်းရေးပြုလုပ်ပေးခြင်း ၊ခြုံနွယ်မြက်ပင်များ ရှင်းလင်းခြင်းနှင့် စေတီပုထိုးများရောင်တော်ဖွင့်ခြင်း လုပ်ငန်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။


https://t.me/MyanmarNationalPost






No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)