MNP ၊ ဇူလိုင် ၈
သဘာဝဘေးအန္တရာယ် ကျရောက်ခဲ့ရသည့် ဒေသများတွင် လိုအပ်သည့် ကူညီ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ကူညီဆောင်ရွက်ပေးနိုင်ရေး အတွက် တပ်မတော်မှ ကြိုတင်စုဖွဲ့စေလွှတ်ထားသည့် ကူညီကယ်ဆယ်ရေး အဖွဲ့များ သည် နယ်မြေခံ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေးအဖွဲ့များနှင့် ပူးပေါင်း၍ သက်ဆိုင်ရာဒေသများတွင် အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ပုဏ္ဏားကျွန်းမြို့သို့ ရောက်ရှိနေသည့် ကူညီကယ်ဆယ်ရေး အဖွဲ့များသည် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့်အတူ ပူးပေါင်း၍ အခြေခံပညာမူလတန်း(လွန်) ကျောင်းဝန်းအတွင်း၌ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
အလားတူ ကျောက်ဖြူမြို့သို့ ရောက်ရှိနေသည့် ကူညီကယ်ဆယ်ရေး အဖွဲ့များ သည် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ပူးပေါင်း၍ အရာရှိရပ်ကွက်၊ ခရိုင်ငါးလုပ်ငန်းဦးစီး ဌာန ဝန်ထမ်းအိမ်ရာအတွင်းရှိ သစ်ပင်ချုံနွယ်များအား ခုတ်ထွင်ရှင်းလင်းခြင်း လုပ်ငန်း များဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
#MyanmarNationalPost
No comments:
Post a Comment