တံတားဦးမြို့နယ်၌ ၂၀၂၃-၂၀၂၄ ခုနှစ် ဧရာမင်း၊ မနောသုခနှင့် ဆင်းသုခ မိုးစပါးမျိုးစေ့ထုတ်လုပ်ရန်အတွက် (၁၂၁)ဧကစိုက်ပျိုးမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တံတားဦးမြို့နယ်၌ ၂၀၂၃-၂၀၂၄ ခုနှစ် ဧရာမင်း၊ မနောသုခနှင့် ဆင်းသုခ မိုးစပါးမျိုးစေ့ထုတ်လုပ်ရန်အတွက် (၁၂၁)ဧကစိုက်ပျိုးမည်


MNP ၊   ဇူလိုင် ၃

တံတားဦခရိုင်၊ တံတားဦးမြို့နယ်၌ ယခုနှစ်မိုးရာသီတွင် ဆည်ရေသောက်၊ မိုးကောင်းသောက်ဒေသအလိုက် ဧရာမင်း၊ မနောသုခနှင့် ဆင်းသုမိုးစပါး(၁၂၁)ဧကကို စိုက်ပျိုးထုတ်လုပ်ရန် လျာထားဆောင်ရွက်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။


တံတားဦးမြို့နယ်အနေဖြင့် ၂၀၂၃ ခုနှစ်တွင် ဧရာမင်းမိုးစပါး မျိုးစေ့ထုတ်လုပ်ရန်အတွက် ပြူကန်ကျေးရွာတွင်(၇၀)ဧကနှင့် မြင်စိုင်းကျေးရွာတို့တွင်(၃၀)ဧက စုစုပေါင်း(၁၀၀)ဧကကိုလည်းကောင်း၊ မနောသုခမိုးစပါးမျိုးစေ့ထုတ်ရန်အတွက် ချောင်းခွကျေးရွာတွင်(၆)ဧကကိုလည်းကောင်း၊ ဆင်းသုခမိုးစပါးမျိုးစေ့ထုတ်လုပ်ရန်အတွက် (၁၅)ဧကကို အလားတူချောင်းခွကျေးရွာတွင်လည်းကောင်း အသီးသီးစိုက်ပျိုးမည်ဖြစ်ကြောင်း၊ ဒါ့အပြင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မိုးစပါးမျိုးစေ့ထုတ်လုပ်ရန်အတွက် တောင်သူများလက်ဝယ်အရောက် မျိုးစေ့များဖြန့်ဖြူးပေးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦစီးဌာနမှ မိုးစပါးနှင့် အခြားသီးနှံမျိုးစုံ လျာထားဧကပြည့်မီကျော်လွန်ရေးနှင့် သီးနှံများစိုက်ပျိုးနည်းစနစ်မှန်ကန်ရေး၊ ပိုးမွှားရောဂါကာကွယ်ရေးနှင့် ကင်းရှင်းရေးတို့အတွက် တောင်သူများနှင့်ပူးပေါင်းပြီး အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်မည်ဖြစ်ကြောင်း ယခုနှစ်မိုးရာသီတွင် ဆည်ရေသောက်၊ ကန်ရေသောက်၊ လျှပ်စစ်မြစ်ရေတင်နှင့်   မိုးကောင်းသောက်စနစ်များဖြင့် တံတားဦးမြို့နယ်တွင် မိုးရာသီသီးနှံမျိုးစုံ(၁၅၅၀၁၇) ဧကကိုလည်း လျာထားစိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှသိရသည်။ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစိုးမင်းနိုင်ထံမှ သိရသည်။


ရဲတင့်

 https://t.me/MyanmarNationalPost




No comments:

Post a Comment