နေတိုးအဖွဲ့ အထွေထွေအတွင်းရေးမှူးက ယူကရိန်းအတွက် စစ်ရေးအကူအညီသစ်အဖြစ် ယူရို သန်း ၅၀၀ ကူညီမည်ဟု ကတိပြု - Myanmar National Post

Myanmar National Post

News Agency

Breaking

နေတိုးအဖွဲ့ အထွေထွေအတွင်းရေးမှူးက ယူကရိန်းအတွက် စစ်ရေးအကူအညီသစ်အဖြစ် ယူရို သန်း ၅၀၀ ကူညီမည်ဟု ကတိပြု



ဘရူဆဲလ်၊ ဇူလိုင် ၇

နေတိုးသည် လောင်စာဆီ၊ အပိုပစ္စည်းများနှင့် ဆေးဘက်ဆိုင်ရာ အထောက်အပံ့များ အပါအဝင် ယူကရိန်း၏ အရေးပါသော လိုအပ်ချက်များအတွက် ယူရိုသန်း ၅၀၀ တန် အပိုဆောင်း စစ်ရေးအကူအညီ အစီအစဉ်တစ်ခုကို ပြင်ဆင်နေကြောင်း နေတိုးအဖွဲ့၏ အထွေထွေအတွင်းရေးမှူးချုပ် Jens Stoltenberg က ဇူလိုင် ၁၁ ရက်မှ ၁၂ ရက်အထိ ကျင်းပမည့် နေတိုးထိပ်သီးအစည်းအဝေးမတိုင်မီ ဘရပ်ဆဲလ်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ 


နေတိုးအဖွဲ့သည် လောင်စာဆီ၊ ဆေးဘက်ဆိုင်ရာ အထောက်အပံ့များ၊ မိုင်းတွင်းကိရိယာများနှင့် ဗောတံတားများအပါအဝင် အရေးကြီးသောလိုအပ်ချက်များအတွက် ယူရိုသန်း ၅၀၀ ကို ကတိပြုထားပြီးဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။


ထို့အပြင် နေတိုးသည် ယူကရိန်းတွင် စစ်ဘက်ဆိုင်ရာ ဆေးရုံများ တည်ဆောက်ရာတွင်လည်း ကူညီပေးမည်ဖြစ်ကြောင်း Stoltenberg က ပြောကြားခဲ့သည်။


Ref - TASS

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)