ပေါ်ဦးပေါ်ဖျား နာနတ်သီး ဈေးကောင်းရရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါ်ဦးပေါ်ဖျား နာနတ်သီး ဈေးကောင်းရရှိ


MNP ၊ ဇူလိုင် ၁၀

ဇွန်လနှင့်ဇူလိုင်လသည် နာနတ်သီး ပေါ်ဦးပေါ်ဖျားရာသီဖြစ်သည့်အလျောက် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့နယ်ရှိ သစ်သီးဆိုင်များနှင့် မြို့မဈေး များတွင် ဒေသခံတိုင်းရင်းသား သစ်သီးဈေးသည်များသည် နာနတ်သီးကို သူ့ထက်ငါအပြိုင်အဆိုင် ရောင်းချလျက်ရှိကာ ယခင်နှစ်ထက် ရောင်းအားကောင်းပြီး ဈေးကောင်းရရှိသည်။


နာနတ်သီးကို ရှမ်းပြည်နယ်တွင် အဓိကစိုက်ပျိုးလျက်ရှိပြီး ယခုအခါတွင် မြန်မာပြည်အထက်ပိုင်းနှင့်အလယ်ပိုင်း အညာဒေသတို့တွင်လည်း တနိုင်တပိုင် စိုက်ပျိုးရာမှ စီးပွားဖြစ်စိုက်ပျိုးရောင်းချလျက်ရှိပါသည်။ နာနတ်သီးသည် တစ်ခါစိုက်ပျိုးထားလျှင် သုံးနှစ်သုံးမိုး ပေါင်းရှင်းမြက်ရှင်းပေးရုံဖြင့် အသစ်ထပ်မံ အတက်ထွက်ပြီး ဆက်လက်အသီးသီးသောကြောင့် နာနတ်သီးစိုက်‌တောင်သူများသည် စရိတ်စက သက်သာကာ ဝင်ငွေများများရသော သစ်သီးအဖြစ် စီးပွားဖြစ်တိုးချဲ့စိုက်ပျိုး လျက်ရှိကြောင်းသိရသည်။ မူဆယ်မြို့ သစ်သီးဈေးဆိုင်များတွင် နာနတ်သီး (၁)လုံးလျှင် မြန်မာငွေ (၂၀၀၀)ကျပ် ရောင်းချရပြီး (၃)လုံးဝယ်ယူလျှင် မြန်မာငွေ(၅၀၀၀)ကျပ်ဖြင့် ရောင်းချပေးပါသည်။


“အရင်နှစ်က ရာသီဉတုမညီမျှတော့ နာနတ်သီးအလုံးတွေ သေးတယ်။ ဒီနှစ်တော့ ရာသီဉတု လည်းကောင်းတော့ အလုံးကြီးအလုံးလှတွေ များတယ်။ အရင်နှစ်က အခုလို ပေါ်ဉီးပေါ်ဖျား နာနတ်သီးတစ်လုံးကို အလုံးကောင်းမှ (၁၅၀၀)ကျပ်လောက်ပဲ ရောင်းရတယ်။ ဒီနှစ် အလုံးကောင်းတစ်လုံးကို (၂၀၀၀) ကျပ် ရောင်းရတယ်။ တစ်ရက်ကိုတော့ မြန်မာငွေ(၄၀၀၀၀)ကျပ်ဖိုးလောက် ရောင်းရပါတယ်။ အရင်နှစ်ထက် ဈေးကောင်းရနေလို့ကို ကျေနပ်ပါပြီ” လို့ မူဆယ်မြို့၊နာရီစင်အနီးရှိ နာနတ်သီးရောင်း ဒေသခံတိုင်းရင်းသား တစ်ဦးဆီမှကြား သိရပါသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)