လူငယ်ဖွံ့ဖြိုးရေးသင်တန်းကျောင်း(ဗန်းမော်)၌ အသိပညာပေးဟောပြောပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လူငယ်ဖွံ့ဖြိုးရေးသင်တန်းကျောင်း(ဗန်းမော်)၌ အသိပညာပေးဟောပြောပွဲပြုလုပ်





MNP ၊ ဇူလိုင် ၁၀

ကချင်ပြည်နယ် ၊ ဗန်းမော်မြို့တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ အသိပညာပေးဟောပြောပွဲကို ဇူလိုင် ၉ ရက် နံနက် ၉ နာရီက ကျောင်းခန်းမဆောင်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အမှတ်(၁၀၀)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ဒုရဲမှူးမြင့်သိန်းက ယာဉ်စည်းကမ်းလမ်းစည်းကမ်းနှင့်ပတ်သက်ပြီး ပညာပေးဟောပြောခြင်း၊ ဗန်းမော်မြို့မရဲစခန်းမှူး ဒုရဲမှူးလှမြင့်ဦး က သက်ငယ်မုဒိန်းနှင့် မှုခင်းဖြစ်ပွားမှုလျော့နည်းပပျောက်စေရေး အသိပညာပေးဟောပြောခြင်း၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ တပ်ဖွဲ့စိတ်(၁)မှ ဒုရဲမှူး ကျော်မိုးနိုင် က လူကုန်ကူးမှုဆိုင်ရာ အသိပညာပေးဟောပြောခြင်း၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ တပ်ဖွဲ့စု(၁)မှ ရဲအုပ်ဇော်သင်း က မူးယစ်ဆေးဝါးအန္တရာယ်နှင့်ပတ်သက်ပြီး အသိပညာပေးဟောပြောခြင်းများ ပြုလုပ်ခဲ့သည်။

အဆိုပါဟောပြောပွဲသို့ ကျောင်းအုပ်ကြီး ဦးလောထန်နှင့် ဆရာဆရာမများ ၊ ကျောင်းသားကျောင်းသူများ စုစုပေါင်း (၁၃၀)ဦး တက်ရောက်ခဲ့ကြပြီး တက်ရောက်လာသူများအား အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးအပ်ခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment