MNP ၊ ဇူလိုင် ၁၀
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ရေထွက်ကျေးရွာပျားလုပ်ငန်းရှင်များ ပျားရည်ဈေးကောင်းခြင်းနှင့်အတူ မွေးမြူရေးပျားလုပ်ငန်းရှင်များ ပျားအိမ်များပန်းပွင့်ရာနေရာများသို့ သွားရောက်ကာ ပျားအိမ်များချထားခြင်းဖြင့် ပျားလုပ်ငန်းရှင်များ ပြန်လည်လုပ်ကိုင်နေကြကြောင်းသိရသည်။
မွေးမြူရေးပျားလုပ်ငန်းရှင်များသည် ပျားလုပ်ငန်းလုပ်ကိုင်ခြင်းအား ပန်းပွင့်ရာဒေသများသို့ ပျားသေတ္တာများအား ကားဖြင့်သယ်ဆောင်ကာ နှမ်းပွင့်ချိန်၊ ပဲစင်းငုံပွင့်ချိန်၊ ဆီး ပွင့်ပွင့်ချိန်၊ သရက်၊ လက်ပံစသည့် ရာသီအလိုက်ပန်းပွင့်ချိန်များပေါ်မူတည်ပြီး ပျားသေတ္တာများသယ်ဆောင်သွားကြကာ ပျားလုပ်ငန်းများလုပ်ကိုင်ကြကြောင်း၊ မွေးမြူရေး ပျားများသည် သင်းကွဲသွားသည် မရှိကြပဲ အနီးနားမှ ပန်းပွင့်ဝတ်ရည်များစုပ်ယူကာ ပျားအိမ်သို့ပြန်လာပြီးအလုပ်လုပ်ကြကြောင်း၊ မိုးခေါင်မှု၊ မိုးရွာသွန်းမှုနည်းပါးသည့်နှစ်များတွင် သကြားအနည် းငယ်ရေနှင့်ဖျော်ကာ ပျားများကို အစာပြန်လည်ကျွေးရလေ့ရှိကြောင်း ကျောက်ပန်းတောင်းမြို့နယ် ပျားလုပ်ငန်းရှင် ဦးဝင်းစိုးက ရှင်းပြသည်။
မွေးမြူရေးပျားလုပ်ငန်းသည် ကျေးလက်တောင်သူများအတွက် ပန်းဝတ်မှုံကူးခြင်းဖြင့် ကျေးလက်တောင်သူများစိုက်ပျိုးထားသည့် သီးနှံစိုက်ခင်းများတစ်ဖက်တစ်လမ်းမှ အကျိုးပြုကြောင်း၊ မွေးမြူရေးပျားဟုခေါ်ဆိုသော်လည်း သဘာဝပန်းပွင့်၊ ပန်းခက်များမှ ဝတ်ရည်စုပ်ယူ စုဆောင်းခြင်းကြောင့် တောပျားနှင့်နာမည်သာကွာခြားကြောင်း ပျားလုပ်ငန်းရှင်များမှရှင်းပြသည်။ မွေးမြူရေးပျားရည် တစ်လီတာ တစ်ပုလင်း ၅၅၀၀ ကျပ်ရောင်းချနေရပြီး ကျောက်ပန်းတောင်းမြို့နယ် ရေထွက်ကျေးရွာ တစ်ရွာထဲတွင်ပင် ပျားလုပ်ငန်းလုပ်ကိုင်သူပျားလုပ်ငန်းရှင် ၂၀ ဦးကျော်ရှိကြောင်းသိရသည်။
ဒီပါလင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment