မလှိုင်မြို့နယ်၌ ပလပ်စတစ်နှင့် ကြွပ်ကြွပ်အိတ်များ အသုံးပြုမှုလျော့ချရေး အသိပညာပေးဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မလှိုင်မြို့နယ်၌ ပလပ်စတစ်နှင့် ကြွပ်ကြွပ်အိတ်များ အသုံးပြုမှုလျော့ချရေး အသိပညာပေးဆောင်ရွက်

 


MNP ၊ ဇူလိုင် ၁၀

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းထက်၏ဦးဆောင်မှုဖြင့် မြို့မစည်ပင်သာယာဈေးအတွင်း ဈေးရောင်းချနေသူများ ပလပ်စတစ်၊ ကြွပ်ကြွပ်အိတ်များ အသုံးပြုမှုလျော့ချရေးနှင့် ပလပ်စတစ်အစား အင်ဖက်များ၊ စက္ကူများအစားထိုးအသုံးပြုရေး အသိပညာပေးဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့မစည်ပင်သာယာဈေး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။


အသိပညာပေးဆောင်ရွက်ရာသို့  မြို့နယ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းထက်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒေါ်နွယ်နီထွန်းနှင့်ဝန်ထမ်းများ၊ ဈေးအကျိုးတော်ဆောင်အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့များ လိုက်ပါလျက် မြို့မစည်ပင်သာယာဈေးအတွင်း ရောင်းချနေသည့် အသားငါးဆိုင်များ၊ စားသောက်ဆိုင်များ ကုန်ခြောက်ဆိုင်များ၊ အထည်အလိပ်ဆိုင်များ၊ ပန်းရောင်းချသည့်ဆိုင်များမှ ဆိုင်ရှင်များနှင့် တွေ့ဆုံ၍ ပလပ်စတစ်ကြွပ်ကြွပ်အိတ်များ အသုံးမပြုရန်နှင့် ပလပ်စတစ်အိတ် ကြွပ်ကြွပ်အိတ်များအစား အင်ဖက်များ၊ စက္ကူများအစားထိုးအသုံးပြုသွားရန် အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပြီး အသိပညာပေးလက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့သည်။


မလှိုင်မြို့မစည်ပင်သာယာဈေးကြီးတွင် ဈေးရုံပေါင်း(၄၀)ရုံ၊ ဈေးဆိုင်ခန်းပေါင်း(၈၂၈)ခန်းရှိပြီး အသားငါးရောင်းချသည့်ဆိုင်(၆၅)ဆိုင်၊ စားသောက်ဆိုင်(၃၂)ဆိုင်၊ အထည်အလိပ်ဆိုင်(၁၂)ဆိုင်၊ ကုန်ခြောက်ဆိုင်(၃၆၀)ဆိုင်၊ ပန်းဆိုင်(၇၀)ဆိုင်၊ ကုန်စိမ်းဆိုင်(၁၂၆)ဆိုင်၊ သစ်သီးရောင်းချသည့် ဆိုင်(၄၃)ဆိုင်နှင့် အခြားပျံကျ ဈေးရောင်းသည့် ဆိုင်ပေါင်း(၁၂၀)ဆိုင် ရောင်းချလျက်ရှိသည်။


အဆိုပါဈေးဆိုင်များကို ပလပ်စတစ် အသုံးမပြုဘဲ အင်ဖက်များ၊ စက္ကူများအစားထိုးအသုံးပြုခြင်းဖြင့် သဘာပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ခြင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ခြင်းဖြင့် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုများကို အထောက်အကူပြုစေပြီး၊ ပြည်သူလူထုကြားတွင် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရန်နှင့် သန့်ရှင်းသာယာလှပရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


အောင်ဌေး

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)