MNP ၊ ဇူလိုင် ၁၀
မြင်းခြံမြို့နယ် ဒါးကျွန်းမြောက်ရွာတွင် ယမန်နေ့က NUG(NLD) အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ PDF အကြမ်းဖက်သမားများက အများပြည်သူပိုင်အသုံးပြုနေသည့်လမ်းပေါ်တွင် မိုင်းထောင်ထားကြောင်း ဒေသခံများက သတင်းပိုသည့်အတွက် ကွန်မန်ဒိုတပ်ဖွဲ့နှင့် မြင်းခြံပြည်သူ့စစ်အဖွဲ့များ ပူးပေါင်း၍ အဆိုပါမိုင်းများကို ရှင်းလင်းဖယ်ပေးခဲ့ကြောင်း သိရသည်။
NUG(NLD) အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ PDF အကြမ်းဖက်သမားများ သည် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများအား ပစ်မှတ်ထားတိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိပြီး ၎င်းတို့၏ လက်ချက်ဖြင့် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူ ၅၈၉၃ ဦးအထိ သေဆုံးခဲ့ရပြီးဖြစ်သည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ပြည်ပြေး ဝရမ်းပြေး NUG(NLD) အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ PDF အပါအဝင် အကြမ်းဖက်အဖွဲ့များ၏ လုပ်ရပ်များကို နိုင်ငံတကာသံတမန်များအား ရှင်းလင်းပြောဆိုပြီးနောက်ပိုင်း အကြမ်းဖက်နှိမ်နင်းရေးကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လာသည်ကို တွေ့မြင်ရသည်။
#MyanmarNationalPost

No comments:
Post a Comment