တံတားဦးမြို့နယ်ရှိ ကျွဲ ၊ နွားများအား ကာကွယ်ဆေးများကို စနစ်တကျထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တံတားဦးမြို့နယ်ရှိ ကျွဲ ၊ နွားများအား ကာကွယ်ဆေးများကို စနစ်တကျထိုးနှံပေး



MNP ၊ ဇူလိုင် ၁၀

တံတားဦးခရိုင် တံတားဦးမြို့နယ်ရှိ ကျွဲ၊ နွားများအား  မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ကာကွယ်ဆေးများကို ရာသီအလိုက် နှစ်စဉ်အလှည့်ကျထိုးနှံပေးကြောင်းသိရသည်။


ထိုသို့ကာကွယ်ဆေးများကို ယနေ့တွင် ဥမှင်ကျေးရွာနှင့် ရေခါးကျေးရွာတို့တွင် နွားကောင်ရေ (၃၀၀)ကောင်ကျော်ကို အဖွဲ့(၃)ဖွဲ့ခွဲ၍ ကာကွယ်ဆေးများ ထိုးနှံပေးနေခဲ့ပါကြောင်း၊ ကျွဲ၊ နွားများ၌ မိုးရာသီတွင် ဖြစ်ပွားသောရောဂါမှာ ပေါင်ပုပ်လက်ပုပ်ရောဂါဖြစ်ပြီး လည် ချောင်းကွဲရောဂါသည် ရေဝင်ရောက်သော ဒေသများတွင် အဖြစ်များပါကြောင်း၊ ထောင့်သန်းရောဂါသည် အပူလွန်ကဲသောလ၌ အဖြစ်များ သောကြောင့် ကာကွယ်ဆေးများကို ရာသီအလိုက် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကျေးရွာအုပ်စုများရှိ  တိရိစ္ဆာန် ကျန်းမာရေးလုပ်သားနှင့် ပူးပေါင်းပြီး ထိုးနှံပေးခြင်းဖြင့် ကျေးလက်နေပြည်သူများ မွေးမြူထားသော ကျွဲ၊ နွားများ သေကြေပျက်စီးခြင်းမှ ကာကွယ်ကင်းဝေးပြီး လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဒေါက်တာဇော်မင်းဦးထံမှ သိရသည်။


တံတားဦးမြို့နယ်တွင် နွားကောင်ရေ (၅၇၉၉၈)ကောင်၊ သိုး၊ ဆိတ်ကောင်ရေ(၁၆၇၃၀ )ကောင်၊ ဝက်ကောင်ရေ(၆၁၆၀)ကောင်၊ ကြက်ကောင်ရေ(၁၀၆၉၇၇)ကောင် ရှိပါကြောင်း၊ ကျွဲ၊ နွားများ၌ ရာသီအလိုက် ဖြစ်ပွားတက်သော ရောဂါများကို ကျေးရွာများအရောက် ကာကွယ်ဆေးများ လိုက်နှံထိုးပေးသည့်အပြင် တိရိစ္ဆာန်မွေးမြူရေးသင်တန်းများကိုလည်း စနစ်တကျဖွင့်လှစ်သင်ကြားပေးလျက်ရှိ ကြောင်းသိရသည်။


ရဲတင့်

https://t.me/MyanmarNationalPost





No comments:

Post a Comment