MNP ၊ ဇူလိုင် ၁၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် အင်္ဂတေများဖြင့် လူသုံးကုန်ပစ္စည်းအမျိုးမျိုး ပြုလုပ်ရောင်းချသူများ အဆင်ပြေလျက်ရှိကြောင်း သိရှိရသည်။
လူသုံးကုန်အင်္ဂတေပစ္စည်းများ ပြုလုပ်ရာတွင် ကျောက်၊ ထုံး၊ သဲ၊ ဘိလပ်မြေနဲ့ သံချောင်းများ အသုံးပြုရပြီး ရောင်းချရာတွင် ဝယ်ယူသူအကြိုက် ပုံစံမျိုးစုံ၊ အရွယ်အစားမျိုးမျိုး ပြုလုပ်ရောင်းချရသည့်အတွက် အဆင်ပြေလျက်ရှိကြောင်း၊ ပြည်သူများ၏လူမှုဘဝဖွံ့ဖြိုး တိုးတက်လာသည့်နှင့်အမျှ တောင်သူများ သီးနှံပေါ်ချိန်တွင် အင်္ဂတေပစ္စည်းများ ပိုမိုအရောင်းတွင်ကျယ်ကြောင်း အင်္ဂတေပစ္စည်းမျိုးစုံ ကိုယ်တိုင်ပြုလုပ်ရောင်းချသည့် ဦးဇော်လတ်က ပြောပြ၍ သိရှိရသည်။
ပြုလုပ်လုပ်ရောင်းချသည့် ပစ္စည်းများမှာ ကျောက်စားပွဲများ၊ ကျောက်ထိုင်ခုံများ၊ ကွန်ကရစ် ခြံဝန်းတိုင်များ၊ အိမ်ဆောက်ရာတွင် အောက်ခံအဖြစ်အသုံးပြုသည့် ကျင်တွယ်ခုံများ၊ ရေတွင်းဂွေများ၊ ရေပြွန်များ၊ ရေထည့်သည့်ကန်ငယ်များ၊ နွားစာခွက်၊ နွားစားကျင်းများ၊ အင်္ဂတေအုတ်များစသည့် ပစ္စည်းများဖြစ်ကြောင်းနှင့် လူသုံးကုန်အင်္ဂတေပစ္စည်းများ ရောင်းဝယ်မှုတွင်ကျယ်လာသည့်အတွက် လူသုံးကုန်အင်္ဂတေပစ္စည်း ပြုလုပ်ရောင်းချသူများအနေဖြင့် တစ်နိုင်တစ်ပိုင် ပြုလုပ်ရောင်းချရာမှ စီးပွားဖြစ်လုပ်ငန်းအဖြစ် တိုးချဲ့ပြုလုပ်ရောင်းချလျက်ရှိကြောင်း သိရသည်။
သက်မောင်
https://t.me/MyanmarNationalPost
No comments:
Post a Comment