ညောင်ဦးမြို့နယ် ကျေးလက်တောင်သူများ တိရစ္ဆာန်အစာနေပီယာမြက်ကို ခြံစည်းရိုးများတွင် စိုက်ပျိုးဖြစ်ထွန်းအောင်မြင်ကာ နွားစာအတွက်ဖူလုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ညောင်ဦးမြို့နယ် ကျေးလက်တောင်သူများ တိရစ္ဆာန်အစာနေပီယာမြက်ကို ခြံစည်းရိုးများတွင် စိုက်ပျိုးဖြစ်ထွန်းအောင်မြင်ကာ နွားစာအတွက်ဖူလုံ




MNP ၊ ဇူလိုင် ၁၀

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်အတွင်းရှိ ကျေးလက်တောင်သူများ တိရစ္ဆာန်အစာ နေပီယာမြက်စိုက်ပျိုးခြင်းများအား ယာခင်းခြံစည်းရိုးတလျှောက်၊ ငှက်ပျောခြံ ခြံစည်းရိုးနှင့် နေအိမ်ခြံစည်းရိုးများတွင်စိုက်ပျိုးထားကြပြီး နေပီယာမြက်များ အောင်မြင်ဖြစ်ထွန်းကာ နွားစာအတွက် ဖူလုံမှုရှိလာကြောင်း အနောက်ပုလင်းကျေးရွာ တောင်သူ ဦးသန်းမင်းထံကသိရသည်။


တိရစ္ဆာန်အစာ နေပီယာမြက်သည် ပူပြင်းခြောက်သွေ့ခြင်း၊ မိုးများခြင်း၊ အအေးဓာတ်  လွန်ကဲခြင်းများကို ဒဏ်ခံနိုင်သည့် မြက်မျိုးဖြစ်ကာ စတင်စိုက်ပျိုးချိန် ရှင်သန်အောင်ရေ အနည်းငယ်လောင်းစိုက်ပျိုးဖို့သာလိုကြောင်း၊ ညောင်ဦးမြို့နယ် ကျေးလက်တောင်သူများအနေဖြင့် နေပီယာ မြက်အား သီးခြားစိုက်ပျိုးမှုမလုပ်ပဲ ယာခင်း၊ လယ်တော၊ အိမ်ခြံခြံ စည်းရိုးစပ်တလျှောက် စိုက်ပျိုးထားခြင်းဖြင့် နေပီယာမြက်အတွက် မြေနေရာသပ်သပ်မ ပေးရတော့ပဲ မူလသီးနှံများ စိုက်ပျိုးရခြင်းဖြင့် တောင်သူများအဆင်ပြေကြကြောင်း သစ်ထောင့်ကျွန်းကျေးရွာ တောင်သူ များထံက သိရသည်။


နေပီယာမြက်သည် အပင်အဖြစ်မြန်အဖြစ်သန်ပြီး နေပီယာမြက်ပင် ပင်စည်ရိုးအား မျက်ကွင်း အဆစ်များနှစ်နေရာ သို့မဟုတ် တစ်နေရာဖြတ်ပြီး မြေကြီးထဲထိုးစိုက်ထားရကြောင်း၊ နေပီယာ မြက် တဆစ်စိုက်ထားလျှင် သားတက်အပွား ၅၀ မှ ၇၀အထိ သားတက်များဝေဝေဆာဆာ ထွက်လာကြောင်း၊ နေပီယာမြက်ပင်အမြင့် ၁၀ ပေမှ ၁၇ ပေ ထိမြင့်ကြောင်း ပလင်းကမ်း သာယာဆင်စခန်းမှ လက်ထောက်မန်နေဂျာ ဦးမျိုးမင်းကိုမှ ရှင်းပြသည်။ နေပီယာမြက်ကို ဝက်၊ ဆိတ်၊ ဆင် ၊နွားနှင့်ကြိတ်၍လည်း ဘဲစာ၊ ကြက်စာအဖြစ်ကျွေးရပြီး ရေနေသတ္တဝါများလည်း နေပီယာမြက်ကို စားသုံးကြကြောင်း၊ နေပီယာ မြက်စားသုံးသည့် တိရစ္ဆာန်များ အသားဓာတ် ကြွယ်ဝခြင်းနှင့် အာဟာရဓာတ်ကြွယ်ဝခြင်းများပြီး အပင်အဖြစ်မြန်၊ စိုက်ပျိုး၍ လွယ်ကူခြင်းများက ကျေးလက်တောင်သူများအတွက် နေပီယာမြက်ပိုမိုစိုက်ပျိုးလာကြကြောင်း၊ ယာမြေ၊ ကိုင်းမြေ၊ ခြံစည်းရိုးများတွင်နေပီယာ မြက်စိုက်ပျိုးခြင်းများက ယာထဲ၊ ကိုင်းထဲစိုက်ပျိုးမည့် သီးနှံစိုက်ခင်းများကိုလည်း ရောဂါပိုးကျရောက်မှုကာကွယ်ပေးနိုင်ကြောင်း ပလင်းကမ်းသာယာ ဆင်စခန်း တာဝန်ခံ ဦးမျိုး မင်းကိုကထပ်မံမှ သိရသည်။


ဒီပါလင်း

https://t.me/MyanmarNationalPost 




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)