မူဆယ်မြို့၊ သစ်သီးဈေးနှုန်းတွင် ဒူးရင်းသီးဈေးနှုန်း ထိပ်ဆုံး၌ ရပ်တည်နေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မူဆယ်မြို့၊ သစ်သီးဈေးနှုန်းတွင် ဒူးရင်းသီးဈေးနှုန်း ထိပ်ဆုံး၌ ရပ်တည်နေ


MNP ၊ ဇူလိုင် ၁၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မြန်မာ-တရုတ် နယ်စပ်မြို့ဖြစ်သော မူဆယ်မြို့တွင် ဒေသထွက်သစ်သီးများ ရောင်းချလျက်ရှိသည့်အပြင် မြန်မာပြည်အလယ်ပိုင်း၊ အထက်ပိုင်းနှင့်အောက်ပိုင်းတို့မှ တင်ပို့သောသစ်သီးများကိုလည်း စုံလင်စွာရောင်းလျက်ရှိပြီး ဒူးရင်းသီးဈေးနှုန်းသည်ထိပ်ဆုံး၌ ရပ်တည်လျက်ရှိကာ ရောင်းအားကောင်းသော သစ်သီးတစ်မျိုးဖြစ်ကြောင်း သိရသည်။


ဒူးရင်းသီးကို မြန်မာပြည်အောက်ပိုင်း မွန်ပြည်နယ်၊ ကယားပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် အဓိကစိုက်ပျိုးလျက်ရှိပြီး အိမ်နီးချင်းနိုင်ငံဖြစ်သော ထိုင်းနိုင်ငံမှလည်း စိုက်ပျိုးကာ မြန်မာပြည်တွင်း အနှံ့အပြားတွင် တင်သွင်းရောင်းချလျက်ရှိပါသည်။ မူဆယ်မြို့၊ သစ်သီးဆိုင်များတွင် ဒူးရင်းသီးကို အရွယ်အစား အကြီးအသေးအလိုက် မြန်မာငွေ (၃၅၀၀၀) ကျပ်မှ (၆၅၀၀၀) ကျပ်အထိ အစားစား‌ရောင်းချလျက်ရှိပြီး အလုံးထွား အလုံးကောင်းတစ်လုံးလျှင် မြန်မာငွေ (၉၀၀၀၀) ကျပ်အထိ ရောင်းချရကြောင်း သိရသည်။


“ဒူးရင်းသီးဈေးကောင်းလည်း ကြိုက်တဲ့သူကတော့ ဝယ်စားကြတာပဲ။ အလုံးလိုက် ဝယ်မစားနိုင်တဲ့သူတွေကျ  ကျွန်တော်တို့ဈေးသည်တွေက တစ်ခါသုံး ဖော့ဘူးလေးတွေနဲ့ တစ်သောင်း၊ တစ်သောင်းခွဲတန်အထိ ရောင်းချပေးနေတဲ့အတွက် ဝယ်စားကြတယ်။ မူဆယ်မြို့က နယ်စပ်မြို့ဖြစ်တော့ တရုတ်နိုင်ငံက တရုတ်လူမျိုးတွေဆို အလုံးလိုက် (၂) လုံး၊ (၃) လုံး ဝယ်သွားကြတယ်။ တစ်နေ့ကို ဒူးရင်းသီး အလုံးလိုက် (၅) လုံးလောက်နဲ့ တစ်သုံးဖော့ဘူးတွေနဲ့ကတော့ တစ်သိန်းဖိုးဝန်းကျင်လောက် အမြဲရောင်းရပါတယ်” လို့ မူဆယ်မြို့၊ ရွှေသမင်ကျောင်းအနီးရှိ ဒူးရင်းသီးဈေးသည်တစ်ဦး၏ ပြောကြားချက်အရ သိရသည်။


https://t.me/MyanmarNationalPost







No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)