MNP ၊ ဇူလိုင် ၁၉
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်တွင် ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၆) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ပြိုင်ပွဲများကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ယနေ့ မွန်းလွဲ ၁ နာရီက ကျင်းပသည်။
ထိုသို့ ပြိုင်ပွဲများ ကျင်းပဆောင်ရွက်ရာတွင် အခြေခံပညာမူလတန်းလွန်ကျောင်း မြို့မ - ၇ မှ ကျောင်းသား ကျောင်းသူများက (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ကဗျာရွတ်ဆိုပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲနှင့် ဆေးရောင်ခြယ် ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ကြပြီး ဆုရရှိသူများကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စန်းကလျာခိုင်က ဆုများ ပေးအပ်ချီးမြှင့်သည်။ ထို့နောက် အာဇာနည်နေ့အကြောင်း သိကောင်းစရာ နံရံကပ် စာစောင်များပြသထားရာ ကျောင်းသား ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုကြသည်။
တိုက်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနအနေဖြင့် ကျောင်းသား ကျောင်းသူများ ဉာဏ်ရည်ထက်မြက်စေရန်၊ အသိပညာ ဗဟုသုတ ကြွယ်ဝစေရန်နှင့် နေ့ထူး နေ့မြတ်များကို မမေ့အပ်စေရန် ရည်ရွယ်၍ (၇၆) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ပြိုင်ပွဲများ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
တင်မျိုးအောင်
https://t.me/MyanmarNationalPost
No comments:
Post a Comment