တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို တိုင်းဒေသကြီး မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ၏ (၅/၂၀၂၃)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးနှင့် လယ်ယာမြေ စီမံခန့်ခွဲ့မှုအဖွဲ့ (၅/၂၀၂၃) လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို တိုင်းဒေသကြီး မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ၏ (၅/၂၀၂၃)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးနှင့် လယ်ယာမြေ စီမံခန့်ခွဲ့မှုအဖွဲ့ (၅/၂၀၂၃) လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်







MNP ၊ ဇူလိုင် ၁၉

တနင်္သာရီတိုင်းဒေသကြီး မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ၏ (၅/၂၀၂၃) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ (၅/၂၀၂၃) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက်၁၀နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။


အစည်းအဝေးတွင် တိုင်းဒေသကြီး မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီနှင့် လယ်ယာမြေစီမံခန့်ခွဲ့မှု အဖွဲ့ကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများနှင့် ပတ်သက်၍အကြောင်း အမျိုးမျိုးကြောင့် ဆောင်ရွက်ပေးရန် စီမံခန့်ခွဲ၍ မရသည်များရှိကြောင်း၊ မြေယာအရေးကိစ္စနှင့် ပတ်သက်၍ ဂရုတစိုက် ဆောင်ရွက်ပေးရန် လိုအပ်ပြီး သက်ဆိုင်ရာ ကော်မတီများအနေဖြင့် ကွင်းဆင်းဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊  မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများအပြင် အခြားနည်းသုံးစွဲခွင့်များကိုလည်း လေးနက်စွာ ဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးအတွင်း ပုဇွန်မွေးမြူရေးသင်တန်းများကို ကျောင်းများတွင် ဖွင့်လှစ်သင်ကြားနိုင်ရေးနှင့် ကျယ်ပြန့်စွာ သိရှိနိုင်အောင် ဖွင့်လှစ်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ ပုဇွန်မွေးမြူရေးအနေဖြင့် နိုင်ငံခြားဝင်ငွေရရှိသည့်အထိ အဆင်ပြေလာပြီး အကျိုးအမြတ်ရရှိမှုလည်း များပြားလာကြောင်း၊ မွေးမြူရေးကတဆင့် ကျွမ်းကျင်မှု ဖြစ်လာပြီး တိုင်းဒေသကြီးအတွင်း ပုဇွန်ကန်အား အနည်းဆုံးကန်(၅၀၀)အထိ တိုးချဲ့ရန် စီစဉ်ထားရှိကြောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ​ပုဇွန်တိုးချဲ့မွေးမြူနိုင်ရေးအတွက် ဆောင်ရွက်ပေးထားသည်များလည်းရှိကြောင်း၊ တက်ရောက်လာသော ကော်မတီများအနေဖြင့် ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးကြရန် လိုအပ်ကြောင်း ပြောကြားသည်။


ထို့နောက် ကော်မတီအတွင်းရေးမှူး တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး၊ ဦးဆန်းလင်းဦးက ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြရာ ကော်မတီအဖွဲ့ဝင်များက လိုအပ်သည်များကို ဖြည့်စွက်ရှင်းလင်းဆွေးနွေးခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရသည်။


ကျော်ကျော်လတ်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)