ပိုင်ကျုံမြို့ တနင်းသရောကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် စုပေါင်းဝါဆိုသင်္ကန်း ကပ်လှူပူဇော်ပွဲ အခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပိုင်ကျုံမြို့ တနင်းသရောကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် စုပေါင်းဝါဆိုသင်္ကန်း ကပ်လှူပူဇော်ပွဲ အခမ်းအနား ကျင်းပ



MNP ၊ ဇူလိုင် ၂၆      

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့  တနင်းသရောကျေးရွာ အ-မ-ကတနင်းသရောကျောင်းရှိ ဆရာ/ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများက စုပေါင်းကာ ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲ အခမ်း အနားကို ယမန်နေ့က ဆောင်ရွက်ခဲ့သည်။


ရှေးဦးစွာ ဆရာတော်၊ သံဃာတော်များအား မနက်အာရုံဆွမ်း ဆက်ကပ်ပူဇော်ခဲ့ပြီး ပိုင်ကျုံမြို့ မြို့မ-သာသနာပြု ကျောင်းဆရာတော်ထံ ငါးပါးသီလခံယူပြီး ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းရခြင်းနှင့် ပတ်သက်၍ တရားတော်များ၊ ပရိတ်တရားတော်များ နာယူခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။


ထို့နောက် တနင်းသရောကျေးရွာ အခြေခံပညာမူလတန်းကျောင်း ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ဆရာမများ၊ ကျောင်းသားမိဘများက ဆရာတော်၊ သံဃာတော်များအား ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း၊ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခြင်း၊ လှူဖွယ်ဝတ္ထုအစုစုတို့အတွက် ရေစက်ချအမျှဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။


နော်ခူး

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)