ပုဏ္ဏားကျွန်းမြို့နယ်တွင် စီမံအုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်၍ ပြန်လည် ထူထောင်ရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုဏ္ဏားကျွန်းမြို့နယ်တွင် စီမံအုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်၍ ပြန်လည် ထူထောင်ရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်





MNP ၊ ဇူလိုင် ၂၆      

   ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်၌ ဌာနဆိုင်ရာများပါဝင်သည့်ပူးပေါင်းအဖွဲ့ သည် ယမန်နေ့၊ နံနက်ပိုင်းက  ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)တိုက်ခတ်ပြီးနောက်ပိုင်းတွင် ပြန်လည်ထူထောင်ရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက် ပေးနိုင်ရေးအတွက် မင်းကန်ကျေးရွာနှင့် တန်းစွယ်ကျေးရွာများသို့ ကွင်းဆင်း၍  ကျေးရွာသူ၊ ကျေးရွာသားများနှင့်တွေ့ဆုံ ခဲ့ကြသည်။


   ရှေးဦးစွာ အဆိုပါပူးပေါင်းအဖွဲ့သည်  မင်းကန်ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း၌ ဒေသခံကျေးရွာသားများနှင့်တွေ့ဆုံ၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်စံဝင်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂) ဦးဦးကျော်နုတို့က ပုဏ္ဏားကျွန်းမြို့နယ် အတွင်း ဆိုင်ကလုန်းမုန်တိုင်း (မိုခါ) တိုက်ခတ်မှုကြောင့်ထိခိုက်ပျက်စီး ဆုံးရှုံးမှုများအား ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှု၊ ကူညီကယ်ဆယ်ရေးပစ္စည်းများ ဖြန့်ဖြူး ပေးနေမှု၊ မုန်တိုင်းဘေးဒဏ်ခံရသည့် ကျေးရွာအုပ်စုများကို  နိုင်ငံတော်အစိုးရက ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးနေမှုနှင့် ကူညီကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးအတွက် ထောက်ပံ့ပစ္စည်းများကို  ပြည်သူများ  လက်ခံရရှိခြင်း ရှိ/မရှိနှင့် ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် လိုအပ် ချက်များကို ဖြည့်ဆည်းပေးရန် မြေပြင်ကွင်းဆင်း ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း ရှင်းလင်းပြောကြားခဲ့ကြသည်။


 ထိုနောက် ဌာနဆိုင်ရာများက မိမိတို့ ဌာန၏လုပ်ငန်းစဉ်များအား ချပြဆွေးနွေးပြောကြားပြီး၊ ကျေးရွာသူ၊ ကျေးရွာ သားများက ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ လမ်းပန်း ဆက်သွယ်ရေးစသည့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို ရှင်းလင်း တင်ပြခဲ့ကြရာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌက သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။


အလားတူ နေ့လည်ပိုင်းတွင် တန်းစွယ် ကျေးရွာဘုန်းတော်​ကြီးကျောင်း၌ဒေသခံ ကျေးရွာသူ၊ ကျေးရွာသားများနှင့်တွေ့ဆုံဆွေးနွေးခဲ့ကြပြီး၊ ကျေးရွာသူ၊ ကျေးရွာသားများ၏ တင်ပြချက်များအပေါ် ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။


နီထွန်းအောင်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)