နိုင်ငံတော်ကာကွယ်ရေးတာဝန်များ ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိရာမှ ဆေးရုံ၊ ဆေးခန်းများတွင် တက်ရောက်ကုသ၍ ပြန်လည်ကောင်းမွန်လာသည့် တပ်မတော်သား အရာရှိ၊ စစ်သည်များ ချောင်းသာမြို့နှင့် သံတွဲမြို့တို့ရှိ တန်ခိုးကြီးဘုရားများနှင့် အထင်ကရ နေရာများသို့ သွားရောက်ဖူးမြော်လေ့လာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်ကာကွယ်ရေးတာဝန်များ ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိရာမှ ဆေးရုံ၊ ဆေးခန်းများတွင် တက်ရောက်ကုသ၍ ပြန်လည်ကောင်းမွန်လာသည့် တပ်မတော်သား အရာရှိ၊ စစ်သည်များ ချောင်းသာမြို့နှင့် သံတွဲမြို့တို့ရှိ တန်ခိုးကြီးဘုရားများနှင့် အထင်ကရ နေရာများသို့ သွားရောက်ဖူးမြော်လေ့လာ




MNP ၊ ဇူလိုင် ၂၅

နိုင်ငံတော်ကာကွယ်ရေးတာဝန်ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိရာမှ ဆေးရုံ၊ ဆေးခန်းများတွင် တက်ရောက်ကုသ၍ ပြန်လည်ကောင်းမွန်လာသည့် တပ်မတော်သား အရာရှိ၊ စစ်သည်များသည် ယနေ့တွင် ချောင်းသာမြို့နှင့် သံတွဲမြို့တို့ရှိ တန်ခိုးကြီး ဘုရားများနှင့် အထင်ကရနေရာများသို့ သွားရောက်ဖူးမြော်လေ့လာကြသသည်။


ထိုသို့ အနားယူအပန်းဖြေခရီးစဉ်သွားရောက်ခဲ့သည့် အဖွဲ့များမှ ဧရာဝတီ တိုင်းဒေသကြီး၊ ချောင်းသာကမ်းခြေသို့ သွားရောက်ခဲ့သည့် အဖွဲ့သည် ကမ်းခြေ လမ်းလျှောက်ခြင်းနှင့် ကိုယ်လက်ကျန်းမာရေး လေ့ကျင့်ခန်းများ ဆောင်ရွက်ခြင်း၊ သဲသောင်ပြင် အားကစားများ ဆောင်ရွက်ခြင်း၊ အနားယူအပန်းဖြေခြင်းများ ဆောင်ရွက် ခဲ့ကြပြီး ချောင်းသာကမ်းခြေရှိ ဆုတောင်းပြည့်ဇမ္ဗူပတိရုပ်ပွားတော်အား ဖူးမြော် ကြည်ညိုပြီး ညနေပိုင်းတွင် ဘောလုံး၊ ပိုက်ကျော်ခြင်းနှင့် ရေကူးအပန်းဖြေခြင်းများ ဆောင်ရွက်ကြသည်။


အလားတူ ရခိုင်ပြည်နယ်၊ ငပလီကမ်းခြေသို့ သွားရောက်ခဲ့သည့် အဖွဲ့သည် သံတွဲခရိုင်၊ ငပလီမြို့ပေါ်ရှိ မဒေးတောင်ဘုရားသို့ သွားရောက်ဖူးမြော်ကြည်ညို၍ အလှူငွေများ ဆက်ကပ်လှူဒါန်းကြသည်။ ယင်းနောက် ကမ်းခြေ၌လမ်းလျှောက်ခြင်း၊ ကိုယ်လက် ကျန်းမာရေး လေ့ကျင့်ခန်းများ ဆောင်ရွက်ခြင်းနှင့် အနားယူအပန်းဖြေ ခြင်းများ ဆောင်ရွက်ခဲ့ကြပြီး အမှတ်တရ ဓာတ်ပုံများရိုက်ကြကာ ၎င်းတို့ တည်းခိုသည့်နေရာ၌ နယ်မြေခံတပ်နယ်မှ တာဝန်ရှိသူများက နေ့လယ်စာဖြင့် တည်းခင်း ဧည့်ခံကျွေးမွေးကြသည်။ အဆိုပါ အဖွဲ့အား ဒေသခံပြည်သူများက ဒေသထွက်ပစ္စည်းများ လာရောက်ပေးအပ်ကြသည်။ ၎င်းနောက် ကမ်းခြေရှိ သဲသောင်ပြင်တွင် ဘောလုံး၊ ဘော်လီဘောနှင့် ခြင်းလုံးအားကစားများ ဆောင်ရွက်ခြင်း၊ ရေကူးခြင်းနှင့် အနားယူ အပန်းဖြေခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)