သာယာဝတီမြို့နယ် သ​င်တောရိုးကျေးရွာ အခြေခံပညာ(မူလွန်)ကျောင်းသို့ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး နယ်လှည့်ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သာယာဝတီမြို့နယ် သ​င်တောရိုးကျေးရွာ အခြေခံပညာ(မူလွန်)ကျောင်းသို့ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး နယ်လှည့်ကွင်းဆင်းဆောင်ရွက်



MNP ၊ ဇူလိုင် ၁၈

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးငယ်များအား အသိပညာဗဟုသုတရရှိစေရေး၊ ဥာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ယနေ့ နံနက်ပိုင်းက ​သ​​င်တောရိုးကျေးရွာ အခြေခံပညာ(မူလွန်)ကျောင်းသို့ Mobile Library ဖြင့် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။


ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်စိမ်းလဲ့လဲ့က စာအုပ်စာပေဖတ်ရှုခြင်းဖြင့် ရရှိလာမည့်အကျိုးကျေးဇူးများအား ရှင်းလင်းပြောကြားခဲ့ပြီး ဝန်ထမ်းများက ကိုယ်ကာယဥာဏစွမ်းရည်များဖွံ့ဖြိုးစေရေး၊ အချင်းချင်းပူးပေါင်းဆောင်ရွက်တတ်စေရေး၊ တစ်ဦးနှင့်တစ်ဦး ချစ်ခင်ရင်းနှီးမှုများရရှိစေရေးရည်ရွယ်ကာ ရုပ်ပုံပြစာအုပ်နှင့် စက္ကူပြဇာတ်၊ ဘုတ်ပြားပြဇာတ်များဖြင့် ပုံ​ပြောပြခြင်း၊  ကိုယ်လက်လှုပ်ရှား​ဆောင်ရွက်မှုများအား ကျောင်းသား၊​ကျောင်းသူများနှင့် အတူတကွပြုလုပ်ခဲ့သည်။


ထို့​နောက် ကလေးငယ်များ စာဖတ်သည့်အလေ့အထများရရှိစေရန် စာဖတ်ဝိုင်းနှင့် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး၊ က​လေးအလုပ်သမားပ​ပျောက်ရေး၊ မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာအသိပညာပေး နံရံကပ်စာစောင်များ ပြသဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


သန့်ဇော်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)